DVB Logo
Home
မြန်မာသတင်း
တန်ပြန်ခုခံမည်ဟု တာလီဘန်ခြိမ်းခြောက်၊ ပါကစ္စတန်တွင် လုံခြုံရေး တင်းကျပ်
DVB
·
June 20, 2014
တန်ပြန်ခုခံမည်ဟု တာလီဘန်ခြိမ်းခြောက်၊ ပါကစ္စတန်တွင် လုံခြုံရေး တင်းကျပ်
Donate to DVB

တာလီဘန်အဖွဲ့က ဒီနေ့ကစပြီး တန်ပြန်ခုခံရေး လုပ်မယ်လို့ ခြိမ်းခြောက်ထားလို့ ပါကစ္စတန်နိုင်ငံတလွှား ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က လုံခြုံရေး တင်းကျပ်ထားပါတယ်။

၂လာမယ့် ဇွန် ၂၂ ရက်နေ့မှာ စိုးရိမ်ရတဲ့အဖွဲ့ ဖြစ်တဲ့ အယ်လ်ကေဒါအဖွဲ့တွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွတွေရှိရာ ၀ါဇီရစ်စတန်မြောက်ပိုင်းကို စစ်အင်အားအပြည့်နဲ့ ချေမှုန်းမယ်လို့ ပါကစ္စတန်အစိုးရက ကြေညာထားပါတယ်။

ဇွန် ၁၉ ရက်နေ့က ၀န်ကြီးချုပ် နာဝပ်ဇ်ရှာရစ်ဖ်က နိုင်ငံတွင်းလုံခြုံရေးအခြေအနေ ပြန်လှန် သုံးသပ်မှု လုပ်ဖို့ အဆင့်မြင့်အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။

ဒီစစ်ဆင်ရေးဟာ ၀ါဇီရစ်စတန်မြောက်ပိုင်းက ပတ်ရှ်တွန်တိုင်းရင်းသားဒေသမှာ ပါကစ္စတန်တာလီဘန်သူပုန်ထမှု တိုးလာတာကို နှိမ်နင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ပါကစ္စတန်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ နေ့တိုင်းလုပ်နေပေမယ့် ကုန်းကြောင်း တိုက်ပွဲကို အင်အားပြည့် ဆင်နွှဲမှုကို မစတင်ရသေးပါဘူး။

ပြန်ကြားရေးဝန်ကြီး ပါဗက်ရာရှစ်ကတော့ “၀ါဇီရစ်စတန်ကို အောင်မြင်မှုဟာ တနိုင်ငံလုံး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အသက်သွေးကြောပဲ”လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဇွန် ၁၉ ရက်နေ့ မနက်အစောပိုင်းကတော့ လေတပ်ခေါင်းဆောင် ဗိုလ်ချုပ် ရာဟီးလ် ရှာရစ်ဖ်က အစ္စလာမ်မာဘတ်မြို့တော်ရှိ လေတပ်ဌာနချုပ်ကို သွားခဲ့ပြီး အခြေအနေကို ဆွေးနွေးဖို့ လေတပ်ထိပ်တန်းအရာရှိ တာဟီယာ ရာဖစ်နဲ့ အစည်းအဝေး ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013