DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
April 19, 2023
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
1 / 10
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာ အပေါ်ဘက် တောင်ကြောပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအကြား ဧပြီ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေထံက လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီ သတင်းအချက်အလက်စင်တာ (KnlC) က ထုတ်ပြန်ပါတယ်။

နှစ်ရက်တာတိုက်ပွဲမှာ ကရင်နီတပ်မတော် (KA) မှ ရဲဘော်တဦး ကျဆုံးခဲ့ပြီး KA ရဲဘော် ၅ ယောက်နဲ့ KNDF ရဲဘော် ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ သတင်းအချက်အလက်စင်တာ (KnlC) က ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၇ ရက် မနက် ၁၁ နာရီက KNDF B/15 တပ်ဖွဲ့က ဖရူဆို အရှေ့ဘက်ခြမ်းကနေ ၆၀ မမနဲ့ အမှတ် ၁၄ တပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်လို့ ဒေါဗျာကူးရွာဟောင်းရှိ ပြည်သူတယောက် ထိခိုက်ခဲ့ပြီး နေအိမ်တလုံး ထိခိုက်ပျက်စီးကာ ပြည်သူပိုင် နွားတကောင် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ကရင်နီ ရှေ့တန်းရဲဘော်တယောက်က “စစ်ကြောင်းထိုး ဝင်လာတာကို ပြန်တုံ့ပြန် ပြန်မောင်းထုတ်တာပေါ့။ တိုက်နေရင်းနဲ့ စစ်(--)တွေကျတော့ လက်နက်တွေ သိမ်းဆည်းရတာ” လို့ ပြောပါတယ်။

ဧပြီ ၁၆ ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ RPG ကျည် ၄ လုံး၊ 60mm ကျည် ၆ လုံး၊ 79 ကျည် ၂၄ လုံး၊ 5.56 ကျည် ၂၂၁ တောင့်၊ 7.62 ကျည် အတောင့် ၅၂၀၊ ကျည်အိမ်  ၈ ခု၊ အီနာဂါ ၆ လုံး၊ လက်ပစ်ဗုံး ၁၂ လုံးတို့ကို တော်လှန်ရေးတပ်​တွေက သိမ်းဆည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၁၇ ရက် တိုက်ပွဲအတွင်း 60mm ပြောင်း ၁ ပြောင်း၊ အသီး ၅ လုံး၊ RPG ၁ လက်၊ အသီး ၉ လုံး၊ ငါးကြင်းမြီး ၁ လက်၊ MA-1  ၂ လက်၊ MA-2 ၁ လက်၊ MA-3 ၅ လက်၊ MA-4 79 တွဲ ၂ လက်၊ 79 ကျည်  အလုံး ၂၀၊ 5.56 ကျည် ၃ ထောင်၊ 7.62 ကျည် ၁ ထောင်၊ ၁၆ မိုင်း ၁ လုံး၊ ၁၄ မိုင်း ၁၃ လုံး၊ ကျည်ဘောက် ၃၁ ခု၊ မိုင်းရှာစက် ၁ ခု၊ စက်ကြီး ၁ ခု၊ Laptop ၁ လုံး၊ ဖုန်း ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ နှစ်ရက်တာတိုက်ပွဲအတွင်း KA၊ KNDF B/10၊ B/05၊ B/06၊ B/01၊ B/16၊ B/15၊ KNDF ETD၊ လွိုင်ကော် PDF တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013