DVB Logo
Home
Lead Story
ဒုက္ခသည်တွေပြန်ပို့မယ့်အခြေအနေ မရှိသေး (မေးမြန်းချက်)
DVB
·
June 20, 2014
ဒုက္ခသည်တွေပြန်ပို့မယ့်အခြေအနေ မရှိသေး (မေးမြန်းချက်)
Donate to DVB

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ထိုင်းပြည်တွင်းလုံခြုံရေးဌာနက ဦးစီးပြီး ဇွန် ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၃ ရက်ကြာ ဆွေးနွေးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၁ သိန်း ၃ သောင်းခန့်ဟာ အလှူရှင်တွေရဲ့ အထောက်အပံ့တွေ နည်းလာတဲ့အတွက် ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒုက္ခသည်တွေ ပြန်ပို့ရေး ဆွေးနွေးကြတာ ဖြစ်ပါတယ်။

[caption id="attachment_53340" align="alignright" width="240"]မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ဒီဗွီဘီ) မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ - ဒီဗွီဘီ)[/caption]ဒီ ဆွေးနွေးပွဲတက်ကြတဲ့ ထိုင်းပြည်ထဲရေးဌာနနဲ့ ပြည်တွင်းလုံခြုံရေးဌာနက တာဝန်ရှိသူတွေနဲ့ နယ်စပ်ဒေသ ၄ ခရိုင်က ကွပ်ကဲရေးတပ်မှူးတွေ၊ ယူအန်အိတ်ခ်ျစီအာ အပါအ၀င် မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံက အကြီးဆုံး မြန်မာဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းကို ဇွန် ၁၈ ရက်နေ့က သွားရောက် လေ့လာခဲ့ကြပါတယ်။

ဇွန် ၁၉ ရက်နေ့မှာ ဆွေးနွေးပွဲ ပြီးဆုံးသွားပေမယ့် ဆွေးနွေးပွဲမှာ တိကျတဲ့ ဆုံးဖြတ်ချက် မချမှတ်သေးပါဘူး။ ဒါပေမယ့် ဒုက္ခသည်တွေကတော့ သူတို့ကို အတင်းအကျပ် ပြန်ပို့မှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကရင်ဒုက္ခသည်ကော်မတီ တွဲဖက်အတွင်းရေးမှူး နော်ဘလူမင်း နိုက်ဇန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲနီးပါ ခိုလှုံနေပါတယ်။

ဒီဒုက္ခသည်တွေဟာ ၁၉၈၄ ခုနှစ်ဝန်းကျင်းကနေ စတင်ခိုလှုံနေကြတာ ဖြစ်ပြီး အခုဆိုရင် ဆယ်စုနှစ် ၃ ခုနီးပါးရှိပြီ ဖြစ်ပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲမစတင်ခင် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ နှစ်ဘက်တာဝန်ရှိသူတွေ ကြိုးပမ်းနေဆဲပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013