DVB Logo
Home
မြန်မာသတင်း
သထုံမြို့နယ်တွင် ခမရ(၉)တပ်ရင်းနှင့် ရဲစခန်းတိုက်ခိုက်ခံရ
DVB
·
April 18, 2023
သထုံမြို့နယ်တွင် ခမရ(၉)တပ်ရင်းနှင့် ရဲစခန်းတိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင်းရှိ သိမ်ဆိပ်နယ်မြေရဲစခန်းနဲ့ ခမရ(၉)တပ်ရင်းတို့ကို ဧပြီ ၁၇ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ လောက်က တပြိုင်နက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် သိမ်ဆိပ်နယ်မြေ စခန်းမှူး အပါအဝင် စစ်ကောင်စီ တပ်သား  ၄ ယောက် ပြင်းထန်စွာထိခိုက်ဒဏ်ရာရပြီး ၃ ယောက် သေဆုံးသွားတယ်လို့  ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ပြောပါတယ်။

ရဲစခန်းမှူးဟာ ပုခုံးထိမှန် ပြင်းထန်စွာဒဏ်ရာရရှိသွားပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းနဲ့ သေဆုံးသူ ၃ ယောက်ကိုတော့ သထုံဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံ PDF ထံကသိရပါတယ်။

သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(သထုံပကဖ)၊ KNLAတပ်ခွဲ(၃)နဲ့ HRS ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း ၊ 40mm ၊ 60mm ဗုံးသီးတွေ၊ လက်နက်ငယ်တွေနဲ့ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စခန်းမှူးနေအိမ်၊ ရဲစခန်းဝင်း၊ တပ်ရင်းမှူးနေအိမ်၊ လိုင်းခန်း၊ ဗဟိုကင်းအဆောက်အအုံနဲ့ လက်နက်ကြီးပစ်ကွင်းတွေ ဗုံးသီးတွေ ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ အခိုက်မရှိဘူးလို့ ပြောပေမဲ့ တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးသလို  အဆိုပါဖြစ်စဥ်တွေနဲ့ ပက်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013