DVB Logo
Home
မြန်မာသတင်း
မဟာသန္တိသုခက လူဝတ်လဲသံဃာများ ရုံးထုတ်
DVB
·
June 20, 2014
မဟာသန္တိသုခက လူဝတ်လဲသံဃာများ ရုံးထုတ်
1 / 9
Donate to DVB

ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှာ ဖမ်းဆီးလူဝတ်လဲခံရပြီး ထောင်ဝတ်စုံဖြူတွေ ၀တ်ဆင်ထားတဲ့ သံဃာ ၅ ပါးကို ရုံးမထုတ်သေးဘဲ သင်္ကန်းပြန်စည်းပြီးမှ ရုံးထုတ်ဖို့ ပြင်ဆင်နေတယ်လို့ တာမွေမြို့နယ် တရားရုံးအတွင်းရောက်ရှိနေတဲ့ မျက်မြင်တဦးက မြန်မာစံတော်ချိန် မနက် ၁၀ နာရီမှာ ပြောပါတယ်။

တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်စဉ်က ဖမ်းခံရတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးကို လူဝတ်လဲပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ရာက ရုံးထုတ်တာပါ။

သူတို့တတွေကို ကျူးကျော်နေထိုင်မှု၊ သာသနာညှိုးနွမ်းမှုတွေနဲ့ တရားစွဲဆိုလို့ ရုံးထုတ်တာပါ။ သူတို့ကို လူဝတ်လဲ တရားစွဲတုန်းက ကန့်ကွက်ပြီး ပြန်လွှတ်ဖို့ တောင်းဆိုကြတဲ့ ဦးပါမောက္ခ၊ ဦးဝီရသူနဲ့ ရွေည၀ါဆရာတော်တို့လည်း သင်္ကန်းတွေနဲ့အတူ တာမွေမြို့နယ်တရားရုံးရှေ့ကို ရောက်ရှိနေပြီး အဲဒီသင်္ကန်းတွေကို တာမွေမြို့နယ် တရားရုံးအပေါ်ထပ်ကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

တရားရုံးတွင်း ပြောဆိုဝေဖန်ချက်တွေအရ ထောင်ဝတ်စုံကို ချွတ် သင်္ကန်းပြန်စည်းပေးပြီး ရုံးထုတ်မယ်။ ပြီးတဲ့အခါ အာမခံနဲ့ ပြန်လွှတ်မယ်ဆိုပြီး ပြောဆိုနေကြတယ်လို့ မျက်မြင်က ပြောပါတယ်။

ဖမ်းဆီးခံသံဃာ ၅ ပါးပြန်လွတ်ဖို့အတွက် သံလျင်မြို့ နတ်စင်တရာဆရာတော်က နိုင်ငံတော်သံဃမဟာနာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌတို့နဲ့ ကြားဝင်ညှိနှိုင်းနေရာ ဇွန်လ ၁၉ ရက်နေ့ညမှာ မကွေးဆရာတော် ဦးပါမောက္ခကို ခုနှစ်နာရီမေးမြန်းချက်အရ ဒီနေ့တရားခွင်မှာ အာမခံနဲ့ ပြန်လွှတ်မယ်လို့ မိန့်ကြားခဲ့ပါတယ်။
[gallery ids="58878,58879,58880,58881,58882,58883,58884,58885,58886"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013