DVB Logo
Home
မြန်မာသတင်း
ဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်
DVB
·
June 20, 2014
ဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်
Donate to DVB

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲကြောင်း သမ္မတရုံးက မနေ့က အမိန့် ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း အမိန့်ထုတ်ပြန်လိုက်တာပါ။

thamada office logoအထက်ပါပုဒ်မတွေအရ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်တဲ့ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုဝန်ကြီးတဦးဦးကို ရာထူးကနေ နုတ်ထွက်ဖို့ ညွှန်ကြားနိုင်ကြောင်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၂ ပုဒ်မခွဲ (က)အရ ရခိုင်ပြန်နယ်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း ဇွန်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး တဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013