DVB Logo
Home
မြန်မာသတင်း
ကော့သောင်းခရိုင်တွင် ပစ်ခတ်မှုဖြစ်ပြီး မြန်မာရွာသား ၃၀၀ ကျော် ထိုင်းဘက်တိမ်းရှောင်
DVB
·
April 17, 2023
ကော့သောင်းခရိုင်တွင် ပစ်ခတ်မှုဖြစ်ပြီး မြန်မာရွာသား ၃၀၀ ကျော် ထိုင်းဘက်တိမ်းရှောင်
1 / 17
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ထဲမှာ ဧပြီ ၁၆ ရက် ညနေပိုင်းက PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်မှုဖြစ်ပွါးပြီး  ရွာသား ၃၀၀ ကျော်လောက် ထိုင်းနိုင်ငံဘက်ကို စက်လှေတွေနဲ့ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

မနေ့ ညနေပိုင်းက PDF တပ်ဖွဲ့ဝင် ၁၀ ဦးလောက်ဟာ  ခမောက်ကြီးမြို့နယ် ဆိတ်ဖူးကျေးရွာထဲကို မော်တော်ဆိုင်ကယ် ၅ စီးနဲ့ ဝင်ရောက်လာပြီး ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်နဲ့ လက်ထောက်တို့ကို ဝင်ရောက်ပစ်ခတ်ရာမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါပစ်ခတ်မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်းနဲ့  ဒုခေါင်းဆောင် မြင့်အောင် တို့ သေဆုံးပြီး ရွာသား ၃၀၀ ကျော်ဟာ ကရပူရီမြစ်ကို လှေနဲ့ကူးဖြတ်ကာ ထိုင်းဘက်ခြမ်း ရနောင်းခရိုင်၊ ကရပူရီမြို့နယ်၊ နမ့်ကျစ်အုပ်စု၊ ဘန့်ဟိုထနွန်ရွာဘက်ကို ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို ကရပူရီမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ယာယီတဲထိုးကာ နေရာချထားပေးပြီး ကရပူရီမြို့နေပြည်သူများက အစာရေစာ ချက်ပြုတ်ကျွေးမွေးကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ ညနေ ၄ နာရီမှာ ခမောက်ကြီးမြို့ ဆိတ်ဖူးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်ကို ကော့သောင်း ပကဖက ရှင်းလင်းခဲ့တယ်လို့ တနင်္သာရီ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါပြည်သူ့စစ်အဖွဲ့ကနေ အေကေ ၄၇ အမျိုးအစား သေနတ် ၂ လက်၊ ကျည် ၁၁၉ တောင့်၊ ၉မမ ပစ္စတို ၁ လက်၊ ကျည်ကာ ၄ ထည်၊ ဆုံလည် ဂက်စ်သေနတ် ၁ လက် ၊ ကျည်ဘောက် ၅ ခုနဲ့ ဓားတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ကော့သောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေအနေနဲ့ လူထုနဲ့အတူ အမြန်ဆုံးပူးပေါင်းဖို့နဲ့ မပေါင်းရင် ဆက်လက်ချေမှုန်းသွားမယ်လို့ တနင်္သာရီ PDF က သတိပေးထုတ်ပြန်ထားပါတယ်။ 

PHOTO -Siamrath/kHAODOD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013