DVB Logo
Home
မြန်မာသတင်း
မြန်မာ့နှစ်သစ်ကူး အကျဉ်းသား ၃၀၀၀ ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
DVB
·
April 17, 2023
မြန်မာ့နှစ်သစ်ကူး အကျဉ်းသား  ၃၀၀၀ ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
Donate to DVB

မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေကနေ နိုင်ငံခြားသားတွေအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း  ၃၁၁၃ ဦးကို  အာဏာသိမ်းစစ်ခေါင်းဆောင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။

ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား အကျဉ်းသူ သူ ၃၀၁၅ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်းသား ၉၈ ဦးတို့ကို ပြစ်ဒဏ်ကလွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက  ဧပြီ ၁၇ ရက် မြန်မာ နှစ်ဆန်း ၁ ရက်နေ့စွဲနဲ့ လွတ်ငြိမ်းခွင့် အမိန့်ထုတ်တွေ ထုတ်ပြန် ကြေညာလိုက်တာပါ။ 

စစ်ကောင်စီ ဥက္ကဋ္ဌက မင်္ဂလာနှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း ၊ပြည်သူလူထုစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့  အကျဉ်းသား/သူတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်တွေပါ  ဆက်လက်ကျခံပါမယ်ဆိုတဲ့ခံဝန်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အရေအတွက်ဘယ်လောက်ပါလာတယ်ဆိုတာနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံခြားသားတွေဟာ ဘယ်နိုင်ငံတွေကလဲဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ အခု ဧပြီ ၁၂ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁၃၄၈ ဦးရှိပြီး ဒီအထဲက  ၁၇၄၆၀ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက  ၅၅၈၆ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပြီး ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃၈၆၆ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013