
[caption id="attachment_41022" align="alignright" width="300"]
ဦးဖေသန်း[/caption]ခေတ်အဆက်ဆက်အစိုးရတွေ မေ့လျော့ခံထားရလို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့ဘူး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက လုပ်ဆောင်နေကြောင်းနဲ့ ပြည်နယ်ထဲရှိတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားစိစစ်ပြီးတဲ့နောက် နိုင်ငံသားဖြစ်သွားရင် သူတို့ သွားလိုရာ သွားခွင့်ပြုမှာမို့ ရခိုင်ပြည်နယ်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေတာတွေ လျော့ကျသွားတော့မှာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။
ဇွန်လ ၁၉ ရက်မှာ ရခိုင်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄ ဦးကို သမ္မတရုံးဝန်ကြီးက ၀န်ကြီးရုံးခန်းမှာ ခေါ်ယူတွေ့ဆုံပြီး အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
သမ္မတရုံးဝန်ကြီးက ခုလို ပြောနေပေမယ့် ပြီးခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာမှာ ဘင်္ဂါလီ ၁ သန်းမှာ ၂ သောင်းလောက်ပဲ ဘင်္ဂါလီလို့ အကောက်ခံခဲ့တဲ့အတွက် အခု နိုင်ငံသားစိစစ်ရေးလုပ်ငန်းလည်း စာရင်းမှန်ရဖို့ မဖြစ်နိုင်ဘူးလို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ မြေပုံအမတ် ဦးဖေသန်းက မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။
မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဒီဗွီဘီဝိုင်းတော်သား ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။










