DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလအတွင်း YBS ယာဉ်စီးခများ ပုံမှန်ထက် ၂ ဆ၊ ၃ ဆခန့် ပိုပေးနေရ
DVB
·
April 16, 2023
သင်္ကြန်ကာလအတွင်း YBS ယာဉ်စီးခများ ပုံမှန်ထက် ၂ ဆ၊ ၃ ဆခန့် ပိုပေးနေရ
1 / 3
Donate to DVB

သင်္ကြန်ပိတ်ရက် ကာလအတွင်း ပြည်သူတွေ သွားလာရ အဆင်ပြေအောင် YBS ယာဉ်လိုင်း အချို့ ပြေးဆွဲပေးနေပြီး ယာဉ်စီးခ ပိုတောင်းခံတာတွေမလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ညွှန်ကြားထားပါတယ်။

ဒါပေမဲ့ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်ကစလို့ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်အထိ ယာဉ်စီးခတွေ ၂ ဆကနေ ၃ ဆလောက်အထိ မြင့်တက်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

"ကျနော်က သင်္ကြန်တွင်းကို သွားစရာရှိလို့ တာမွေဘက်ကနေ မြို့ထဲ သွားတာ။ ပုံမှန် ၃၀၀ ပဲ ပေးရတဲ့ ခရီးစဉ်က သင်္ကြန်တွင်းဆို ၅၀၀၊ ၁၀၀၀ ရှိတယ်။ တချို့ကားတွေဆို ၁၅၀၀၊ ၂၀၀၀ တောင်းတာတွေလည်း ရှိတယ်။ များသောအားဖြင့် အောက်ဆိုဒ်ကားတွေက တောင်းတယ်။ YBS တွေလည်း ပိုတောင်းကြတယ်။ သင်္ကြန်ဆို ကားခ ပိုပေးစီးရတာက ပုံမှန်လို ဖြစ်နေပြီ။ တက္ကစီခတွေလည်း စျေးတက်တာပဲ။ ဒါပေမဲ့ ၅၀၀ လောက်အထိက လူလတ်တန်းစားအနေနဲ့ ပေးစီးနိုင်တယ်။ တနေ့လုပ် တနေ့စားလူတွေအတွက်တော့ ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်တယ်။ ၁၀၀၊ ၂၀၀ ပိုပေးရတာ ကိစ္စမရှိပါဘူး။ ခရီးသည်တွေအတွက်လည်း အဆင်ပြေတယ်။ သင်္ကြန်တွင်း ကားမောင်းတဲ့ ကားသမားတွေအတွက်လည်း အဆင်ပြေပါတယ်" လို့ ရန်ကုန်မြို့ခံ ကိုနောင်နောင်က ပြောပါတယ်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုပေးရတာ ပုံမှန်လို ဖြစ်နေပြီး ရန်ကုန်မြို့တွင်း တက္ကစီခတွေက YBS ကားခထက် ပိုများတာကြောင့် မဖြစ်မနေ ကိစ္စဆိုရင် YBS ပဲ စီးဖြစ်တယ်လို့ ရန်ကုန်မြို့ ပြည်သူတယောက်က ပြောပါတယ်။

"သင်္ကြန်တွင်းမှာ လိုင်းကားတွေ အမြဲတမ်း တိုးကောက်တတ်တယ်ဆိုတာ ပုံမှန်ပဲပေါ့နော်။ ဘယ်လိုပဲ အရေးယူမယ်ပြောပြော ဘယ်လိုပဲ မကောက်ရဘူးပြောပြော၊ ဘယ်လိုပဲ သတ်မှတ်ထားတဲ့ နှုန်းထားပဲဖြစ်ဖြစ် အမြဲတမ်းတိုးကောက်လေ့ရှိတယ်။ သင်္ကြန်တွင်းမှာဆို လိုင်းကားတွေကလည်း ရှားတယ်။ ပုံမှန် ၅ စီးထွက်မယ်ဆိုရင် အဲ့လို ချိန်မှာ တနေ့ကို ၁ စီး၊ ၂ စီးလောက်ပဲ ထွက်တာရှိတယ်။ လိုင်းကားနဲ့ တက္ကစီခကလည်း အရမ်းကွာတယ်။ လိုင်းကားက ၃၊ ၄ ဆတိုးကောက်တယ်ဆိုတာလည်း တက္ကစီကားခထက် အများကြီး အဆပေါင်း များစွာ ကွာခြားတယ်။ အဲ့တော့ လိုင်းကားပဲ စျေးကြီးပေမယ့် သင်္ကြန်တွင်းဆိုတော့ စီးရတာပေါ့။"

သင်္ကြန် ကာလမှာ ခရီးသည် နည်းပါးတာကြောင့် အုံနာကြေးကြေအောင်နဲ့ CNG ဖိုး ကာမိအောင် ယာဉ်စီးခ ပိုတောင်းရတဲ့ အခြေအနေတွေ ရှိတယ်လို့ YBS ယာဉ်မောင်း အချို့က ပြောပါတယ်။ ဒါပေမဲ့ ယာဉ်စီးခ ပိုတောင်းရင် CNG ပိတ်သိမ်းတာနဲ့ လုပ်ငန်းလိုင်စင် ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ YRTC ဘက်က ထုတ်ပြန်ထားပါတယ်။

သင်္ကြန်ကာလအတွင်း ဧပြီ ၁၃ ရက်မှာ YBS အစီးရေ ၁၄၃၀၊  ၁၄ ရက်မှာ ၁၂၉၀ စီး၊ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ၁၂၈၈ စီး ပြေးဆွဲနေပါတယ်။ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက်က စတင်ကာ ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်း ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013