DVB Logo
Home
မြန်မာသတင်း
ကျဆုံးပဇီကြီးပြည်သူ ၁၆၈ ဦးထဲ ကလေးသူငယ် အယောက် ၄၀ ထိပါဝင်ဟု NUG ထုတ်ပြန်
DVB
·
April 16, 2023
ကျဆုံးပဇီကြီးပြည်သူ ၁၆၈ ဦးထဲ ကလေးသူငယ် အယောက် ၄၀ ထိပါဝင်ဟု NUG ထုတ်ပြန်
Donate to DVB

အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပဇီကြီးပြည်သူ ၁၆၈ ဦးထဲမှာ ၅ နှစ်အောက် ကလေးတွေ အပါအဝင် အသက် ၁၈ နှစ်အောက် ကလေး သူငယ် အယောက် ၄၀ ထိ ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာ၊ ပလဖရုံးနေရာ တည့်တည့်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ အင်အား ပြင်းဗုံးကြဲချခဲ့သလို ၊ Mi 35 စစ်ရဟတ် ယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေအပါအဝင် ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူအယောက် ၁၇၀ နီးပါးထိ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ပဇီကြီးကျေးရွာမှာ အိမ်ခြေ ၂၃၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ပဇီကြီးရွာအပါအဝင် အနီးနားက  သာ ယာရွာ၊ လေးတွင်စဉ်ရွာ၊ မယ်‌ဇေတောရွာ၊ မလယ်ရွာ၊‌ ချောင်းမကြီးနဲ့ ခင်ဦးမြို့နယ်ဘက် ခြမ်းက ကျေးရွာက ဒေသခံတွေပါ ရွာထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ပဇီကြီးကျေးရွာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ ဆရာဝန်နဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရ သတင်းစာရှင်းလင်းပွဲအပြီး ထုတ်ပြန်ချက်မှာတော့ ဒီအ အခြေအနေအသေးစိတ်ကို ဖော်ပြထားခဲ့ပြီး ကျဆုံးခဲ့သူတွေထဲမှာ ပကဖ၊ ပလဖ၊ ပအဖ စု စု​ပေါင်း ၁၈ ယောက်သာ ပါဝင်ပြီး ကျန်တဲ့အယောက် ၁၅၀ ကတော့ သာမန်ပြည်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သေဆုံးသူတွေထဲမှာ အမျိုးသား ၁၁၈ ယောက်၊ အမျိုးသမီး ၄၆ ယောက်နဲ့ ကျား/မ ခွဲခြားမရသူ ၄ ယောက် အသီးသီးပါဝင်နေကာ ဒဏ်ရာပြင်းထန်လို့ ​ဆေးဝါးကု သမှု ခံယူ​နေရသူအရေအတွက်ကတော့ ၁၆ ယောက်ရှိနေတယ်လို့ NUG အစိုးရ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန် ကြီးဌာနအနေနဲ့ စစ်ဘေးရှောင် ၃၀၀ ကျော်အတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေသလို စစ်အုပ်စုရဲ့ ခုလိုအစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီးတော့လည်း ကျူးလွန်ခံရသူတွေရဲ့ တရားမျှတမှု ပြန်လည်ရရှိရေး အတွက် တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013