DVB Logo
Home
Lead Story
နယ်လိုင်စင် အငှားကား ရန်ကုန်မှာ ဆွဲရင် အရေးယူမည်
DVB
·
June 19, 2014
နယ်လိုင်စင် အငှားကား ရန်ကုန်မှာ ဆွဲရင် အရေးယူမည်
Donate to DVB

နယ်လိုင်စင်တွေနဲ့ မှတ်ပုံတင်ထားတဲ့ အငှားကားတွေ ရန်ကုန်မြို့တွင်း ၀င်ရောက် ပြေးဆွဲတာ တွေ့ရင် အရေးယူသွားတော့မယ်လို့ ရန်ကုန်တိုင်း ကညနရုံးက သတင်း ထုတ်ပြန်ပါတယ်။

YGN Car Traffic1လက်ရှိ အစိုးရဟာ ရန်ကုန်အတွက် တက္ကစီကား တင်သွင်းခွင့် ရပ်ဆိုင်းထားတဲ့အတွက် လုပ်ငန်းရှင်တွေဟာ လိုင်စင် ခွင့်ပြုပေးတဲ့ တိုင်းနဲ့ ပြည်နယ်ဖွံဖြိုးရေး ခေါင်းစဉ်အောက်ကနေ လိုင်စင် လျှောက်ထား တင်သွင်းနေကြပါတယ်။

ကားတွေ တင်သွင်းပြီး သက်ဆိုင်ရာမြို့တွေမှာ လိုင်စင်ဝင်ပြီးတာနဲ့ ကားအများစုဟာ စီးပွားရှာလို့ရတဲ့ ရန်ကုန်မြို့တွင်း ပြန်လည် ၀င်ရောက်လာလို့ ကညနက ခုလို အမိန့်ထုတ်တာ ဖြစ်ပြီး ရန်ကုန် ယာဉ်ထိန်းရဲနဲ့ စည်ပင်က လက်တွေ့ အရေးယူမယ်လို့ ဆိုပါတယ်။

လက်ရှိ အစိုးရရဲ့ ကားအခွန်ကောက်ခံမှုစနစ်မှာ အိမ်စီးနံပါတ်အရောင် အမည်းထက် တက္ကစီလုပ်မယ့် နံပတ်အရောင် အနီကို အခွန်အများကြီး လျော့ပေါ့ပေးထားတဲ့အတွက် တချို့ ကိုယ်ပိုင် စီးနင်းလိုသူတွေကလည်း တက္ကစီလိုင်စင်နဲ့ ကားတွေ ၀ယ်စီးကြတာ ရန်ကုန်မှာ တွေ့မြင်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013