DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားဘဏ်စိစစ်ရွေးချယ်ရေးအဖွဲ့ ပွင့်လင်းမြင်သာမှုအားနည်း
DVB
·
June 19, 2014
နိုင်ငံခြားဘဏ်စိစစ်ရွေးချယ်ရေးအဖွဲ့ ပွင့်လင်းမြင်သာမှုအားနည်း
Donate to DVB

ပြည်တွင်းမှာ နိုင်ငံခြားဘဏ်တွေ လုပ်ကိုင်ခွင့်ရရှိဖို့အတွက် နိုင်ငံခြားဘဏ် စိစစ်ရွေးချယ်ရေးအဖွဲ့တခုကို ဖွဲ့စည်းထားပေမယ့် အဆိုပါအဖွဲ့အနေနဲ့ ပွင့်လင်းမြင်သာမှု အားနည်းတယ်လို့ ဘဏ်များနဲ့ ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီက ပြောပါတယ်။

central bank1 copyမြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ကိုင်ခွင့်ရရှိဖို့ ပြည်ပအခြေစိုက် ဘဏ်လုပ်ငန်းတွေက ကိုယ်စားလှယ်ရုံးခွဲတွေ လာရောက်ဖွင့်လှစ်ထားရှိတာ အခုဆိုရင် ကိုယ်စားလှယ် ရုံးခွဲပေါင်းက ၄၂ ခု ရှိနေပြီ ဖြစ်ပါတယ်။

ဒီကိုယ်စားလှယ်ရုံးခွဲတွေကို ပြည်တွင်းမှာ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ကိုင်ခွင့်ပြုဖို့အတွက် နိုင်ငံခြားဘဏ်စိစစ်ရွေးချယ်ရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားပေမယ့် အဆိုပါအဖွဲ့အနေနဲ့ ပွင့်လင်းမြင်သာမှုက အားနည်းတယ်လို့ ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီရဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်မှာလည်း ရန်ကုန်တိုင်းလွှတ်တော်ရုံးမှာ ပုဂ္ဂလိက ဘဏ်တွေနဲ့ ထူထောင်ထားတဲ့ မြန်မာနိုင်ငံဘဏ်အသင်း အဲဒီအဖွဲ့တွေနဲ့လည်း တွေ့ပါတယ်။ နောက်တခါ ဘဏ်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေနဲ့လည်း တွေ့ကြပါတယ်။ ပြည်သူရဲ့ အသံကို ယူတဲ့အခါ ကျတော့ ရွေးချယ်ရေးအဖွဲ့က ပွင့်လင်းမြင်သာမှုက အားနည်းတယ်လို့ သုံးသပ်ကြပါတယ်။ ကျနော်တို့ ဒီမိုကရေစီစနစ် သွားတယ်၊ ပြည်သူကို ဗဟိုပြုတဲ့စနစ်ဆိုရင်တော့ နိုင်ငံခြား ဘဏ်ခွဲတွေကို လက်ခံတဲ့အခါမှာ ပွင့်လင်းမြင်သာစွာ လုပ်ပါလို့ ကျနော်တို့ ကော်မတီက ရွေးချယ်ရေးအဖွဲ့ကို ဒီလိုပဲ အကြံပြု ပါတယ်။”

ဒီရွေးချယ်ရေးအဖွဲ့မှာ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုဒုဝန်ကြီးနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ အပါအ၀င် အဆင့်မြင့်အရာရှိ ၈ ဦးနဲ့ ဖွဲ့စည်းထားပေမယ့် လူအင်အားနည်းတဲ့အတွက် ဒီထက် ပိုမို ပြည့်စုံအောင် အခြားလူပုဂ္ဂိုလ်တွေပါ ပါဝင်ဖို့လိုတယ်လို့ ဆိုပါတယ်။

“အရေအတွက်လည်း နည်းပါတယ်။ ဒီထက်ပိုပြည့်စုံအောင် မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုအသင်းချုပ်လို ဟာမျိုး၊ နောက်တခါ စီမံ/စီးပွား ၀န်ကြီးဌာနက တချိန်တုန်းက နိုင်ငံခြားနဲ့ ပတ်သက်တဲ့ဟာတွေကို အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိတော့ အဲဒီဘက်ကလည်း ပါသင့်ပါတယ်။ နောက်တခါ ဘဏ်ပညာရှင်တွေလည်း ပါသင့်ပါတယ်ပေါ့။ ကျနော်တို့က အဲဒီလို အဆိုပြုထားတယ်။ အလားတူပဲ မြန်မာနိုင်ငံဘဏ်အသင်းကလည်း ပုဂ္ဂလိဘဏ်တွေနဲ့ နိုင်ငံခြား ဘဏ်တွေနဲ့ တွဲဖက်လုပ်ရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘဏ်အသင်းက ကိုယ်စားလှယ်လည်း ပါသင့်တယ်ပေါ့ဗျာ။ ဒါကို ပြည်သူ့လွှတ်တော်မှာ လာပြီးတော့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ လာမယ့်အပတ်အတွင်းမှာ ရှင်းပြဖို့ ဖိတ်ခေါ်ထားပါတယ်။”

ဒါကြောင့် နိုင်ငံခြားဘဏ်တွေ ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ရရှိဖို့က ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း လောက်မှ လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ကြာင်းနဲ့ လုပ်ကိုင်ခွင့်ရရှိမယ့် ဘဏ် အရေအတွက်ကို လက်ရှိ အနေအထားအရ ပြောဆိုဖို့ ခက်ခဲတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပြည်ပက ရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီတွေ လိုတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013