
ဒီကနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အမ်းမရိတ်ကွင်းမှာ စပို့တင်းအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပေမဲ့ ပထမအကျော့က တဂိုးအသာရလဒ်ကြောင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွား ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ဂိုးပေါက်ကို တကြိမ်သာ ကန်သွင်းနိုင်ခဲ့ပြီး အသင်းသမိုင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပွဲစဉ်အတွင်း အာဆင်နယ်တောင်ပံကစားသမား နိုနီမာဒူကီဟာ ပက်ဒရိုဂွန်ကယ်ဗက်စ်နဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာရသွားလို့ နည်းပြ အာတီတာက အခြေအနေကိုစိုးရိမ်စွာ စောင့်ကြည့်နေရ ပါတယ်။
Source: Sky Sports











