DVB Logo
Home
Lead Story
ပထမဆုံးအကြိမ် အာဆီယံလူငယ်စာရေးဆရာဆုအတွက် စာမူများ ထိုင်းဖိတ်ခေါ်
DVB
·
June 19, 2014
ပထမဆုံးအကြိမ် အာဆီယံလူငယ်စာရေးဆရာဆုအတွက် စာမူများ ထိုင်းဖိတ်ခေါ်
Donate to DVB

အာဆီယံနိုင်ငံက လူငယ်တွေ စာရေးစာဖတ်မှုနှုန်းမြင့်မားရေးနဲ့ လူငယ်စာရေးဆရာတွေ ပေါ်ထွန်းရေးအတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံက ပထမဆုံးအကြိမ် အာဆီယံလူငယ်စာရေးဆရာဆုအတွက် စာမူတွေ ဖိတ်ခေါ်နေပါတယ်။

AseanYoungWritersAword2014ဒီအစီအစဉ်ကို ထိုင်းဘုရင့်သမီးတော်သီရိဒုံနဲ့ မဟီဒိုးလ်တက္ကသိုလ်အနုပညာဌာနတို့ ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက နိုင်ငံသားဖြစ်သူ အသက် ၁၆ နှစ် ကနေ ၂၄ နှစ်ကြား (ယူနက်စကိုက လူငယ်လို့ သတ်မှတ်ထားတဲ့) လူငယ်တွေ ရေးသား ပေးပို့နိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

စာမူကို မေ ၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့ထိ လက်ခံနေတာဖြစ်ပြီး ကိုယ်တိုင်ရေး အမျိုးသားစာပေကို မိမိနိုင်ငံ ဘာသာနဲ့သော်လည်းကောင်း၊ အင်္ဂလိပ်ဘာသာနဲ့ သော်လည်း ကောင်း ရေးသားပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

ဆုရစာမူတွေကို ၂၀၁၄ ခုနှစ် သြဂုတ်လဆန်းပိုင်းမှာ ကြေညာပေးမှာဖြစ်ပြီး ဆုရွေးချယ်ခံရတဲ့ စာမူအနေနဲ့ ထိုင်းဘုရင်သမီးတော်ရဲ့ တော်ဝင်ဆုတံဆိပ်၊ အမေရိကန်ဒေါ်လာ ၁၀၀၀ အပြင် စာအုပ်အဖြစ် ထုတ်ဝေဖော်ပြခြင်း ခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြိုင်ပွဲဝင်စည်းကမ်းအသေးစိတ်ကို http://www.aseanyoungwriters.com/ ၀က်ဘ်ဆိုက်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013