DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးပဇီကြီး ဒေသခံ ၁၆၅ ဦးထိရှိလာဟု NUG ပြော
DVB
·
April 13, 2023
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးပဇီကြီး ဒေသခံ ၁၆၅ ဦးထိရှိလာဟု NUG ပြော
Donate to DVB

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်၊ ပဇီကြီးကျေးရွာက ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူအရေအတွက်ဟာ ၁၆၅ ယောက်ထိ ရှိခဲ့ပြီလို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအတွက် ဝမ်းနည်းကြောင်း ပြသတဲ့အနေနဲ့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF)၊ မန္တလေးကလည်း အလံတဝက်ချ အလေးပြုပြီးတော့ တမိနစ် ငြိမ်သက်ဆုတောင်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ ပဇီကြီးကျေးရွာ၊ ပလဖရုံးနေရာတည့်တည့်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ အင်အားပြင်းဗုံးကြဲချခဲ့သလို၊ Mi 35 စစ်ရဟတ်ယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာ NUG ရုံးကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ တယ်လို့ ဧပြီ ၁၂ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်ချီရေး သတင်းစာတွေကနေ  အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါက်ကွဲမှုအဆမတန် ကြီးမား သွားတာဟာ PDF တွေရဲ့ ယမ်းသိုလှောင်ရုံကို ပစ်ခတ်မိတာကြောင့်သာ ဖြစ်တယ်လို့ သူတို့ပိုင်မီဒီယာတွေမှာ ပြောဆိုခဲ့ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ပဇီကြီးကျေးရွာမှာ အိမ်ခြေ ၂၃၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ပဇီကြီးရွာအပါအဝင် အနီးနားက  သာယာရွာ၊ လေးတွင်စဉ်ရွာ၊ မယ်‌ဇေတောရွာ၊ မလယ်ရွာ၊‌ ချောင်းမကြီးနဲ့ ခင်ဦးမြို့နယ်ဘက်ခြမ်းက ကျေးရွာက ဒေသခံတွေပါ ရွာထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် ပဇီကြီးကျေးရွာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ ဆရာဝန်နဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ရွာသားတယောက်က ပြောပါတယ်။

ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့  တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်ကလည်း မြန်မာစစ်တပ်က အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာဟာ ကမ္ဘာ ကြီးရဲ့ မျက်ကွယ်ပြုမှု ကြောင့်နဲ့ စစ်တပ်ကို လက်နက်ထောက့်ပံ့နေသူတွေကြောင့်ဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေ ဘယ်လောက်များများ သေကျေမှ ဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ လုပ်ဆောင်နိုင်မလဲလို့ မေးခွန်းထုတ် လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013