DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက် ဒုက္ခသည်စခန်းများတွင် အကူအညီ အရေးတကြီး လိုအပ်
DVB
·
June 19, 2014
ရှမ်းမြောက် ဒုက္ခသည်စခန်းများတွင် အကူအညီ အရေးတကြီး လိုအပ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ဒုက္ခသည်စခန်းတွေမှာ အမိုးအကာနဲ့ ကျောင်းသုံးပစ္စည်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

Shan Refugee School19062014မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ကေအိုင်အေစစ်တပ်နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ဒုက္ခသည်စခန်း အသစ်တွေ ထပ်တိုးလာပြီး အခုချိန်ဟာ ကျောင်းဖွင့်တဲ့အချိန် ဖြစ်သလို မိုးတွင်းကာလ ဖြစ်တဲ့အတွက် အမိုးအကာနဲ့ ကျောင်းသုံးပစ္စည်းတွေ အရေးတကြီးလိုအပ်နေတာပါ။

အက်ရှင်တိုင်းဖောင်ဒေးရှင်း အတွင်းရေးမှူး ဣနြေ္ဒနေနွယ်က “မိုးတွင်း လောလောဆယ် လိုအပ်တာ အမိုးအကာပေါ့။ ကလေးအတွက် ထီးတို့၊ မိုးကာတို့ လိုတယ်။ နောက် ကျောင်းသုံးနဲ့ ဆိုင်တဲ့ ပစ္စည်း အကုန်လုံး လိုတယ်။ အဲဒါတွေက ဘာမှ မရှိဘူး” လို့ ပြောပါတယ်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်၊ ရွှေသံစဉ်ဂီတဖောင်ဒေးရှင်နဲ့ အက်ရှင်တိုင်းဖောင်ဒေရှင်းတို့ အဖွဲ့ ၃ ဖွဲ့ဟာ ရှမ်းပြည်နယ် မူဆယ်မြို့နဲ့ ကချင်ပြည်နယ် နမ့်ခမ်းမြို့နယ်တ၀ိုက်မှာ ရှိတဲ့ ဒုက္ခသည်စခန်း ၇ ခုကို လမ်းခရီးတလျှောက်မှာ ဂီတနဲ့ ဖျော်ဖြေပြီး အလှူခံလို့ရတဲ့ ကျပ်ငွေ သိန်း ၃၃၀ ကျော်ကို လှူဒါန်းခဲ့ကြပါတယ်။

ပြည်တွင်းစစ်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေဟာ စခန်းတွေမှာ ၀င်ရောက်ခိုလှုံပြီး အခတ်အခဲများစွာနဲ့ ကျောင်းတက်နေကြတဲ့ကလေးတွေအတွက် လက်တလော လိုအပ်တဲ့ပစ္စည်းတွေကို ၀ယ်ပြီး လှူဒါန်းခဲ့ရတယ်လို့ ရွှေသံစဉ် ဂီတဖောင်ဒေရှင်းက ဦးဝင်းမော်က ပြောပါတယ်။
“မူဆယ်မှာကတည်းက ဒုက္ခသည်စခန်းတွေ ရှိနေပြီ။ မူဆယ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း ကျနော်တို့ ၀င်ခဲ့တယ်။ စခန်းတာဝန်ခံနဲ့ တိုင်ပင်ပြီးတော့ အရေးပေါ်လိုအပ်ချက်တွေ မေးတော့ မိုးတွင်းဖြစ်တဲ့အတွက် ကျနော်တို့ပါမသွားတဲ့ဟာက ဘာလဲဆိုတော့ ကလေးတွေ ကျောင်းတက်ရာသီ ဖြစ်တဲ့အတွက် ထီးတို့၊ မိုးကာတို့ အဲဒါတွေကို စခန်းတာဝန်ခံဆီက သိရတော့ ချက်ချင်း အလှူငွေထဲကနေ ရွှေလီကို လှမ်းမှာပြီးတော့ ထီးတို့ မိုးကာတို့ကို အယောက် ၁၀၀၀ စာ ၀ယ်ပေးခဲ့ပါတယ်။”
ဒုက္ခသည်တွေနေတဲ့စခန်းတွေဟာ ယူအန်အိပ်ခ်ျစီအာက လှူထားတဲ့ မြေစိုက်တဲတွေ ဖြစ်နေတဲ့အတွက် မိုးရွာရင် နေဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဒုက္ခသည် ဒေါ်ခွန်ဆန်းက ပြောပါတယ်။

“၀ါးထရံလုပ် ခင်းပြီးမှ နေမလားလို့။ ဒီအတိုင်းနေလို့မရဘူး။ တအားစိုတာ။ ရေထွက်လာတယ်။”

၂၀၁၁ ခုနှစ် ဇွန်လမှာ စတင်ပြီး မြန်မာစစ်တပ်နဲ့ ကေအိုင်အေတပ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်နေတဲ့ ဒုက္ခသည်တွေက ၁ သိန်းဝန်းကျင်လောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013