DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီတပ်က ကျေးရွာများကို အမြောက်ဖြင့်ပစ်ခတ်နေ
DVB
·
April 12, 2023
ဖယ်ခုံမြို့နယ်၌  စစ်ကောင်စီတပ်က ကျေးရွာများကို အမြောက်ဖြင့်ပစ်ခတ်နေ
1 / 2
Donate to DVB

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့ တောင်ဘက် စစ်ကောင်စီလက်အောက်ခံ ခလရ - ၄၂၂ တပ်ရင်းကနေ  ဖယ်ခုံမြို့အနောက်ဘက်မှာရှိတဲ့ ဒေါင်းအိကျေးရွာအပါအဝင် တခြား  ကျေးရွာတွေဘက်ကို ၁၂၂ ဟောင်ဝစ်ဇာ အမြောက်တွေနဲ့  ဧပြီ ၁၁ ရက် ညပိုင်းက  ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ PDF ကပြောပါတယ်။

ဖယ်ခုံမြို့တောင်ဘက်မှာရှိတဲ့ ခလရ ၄၂၂ တပ်ရင်းကနေ မနေ့ညပိုင်းက စတင်ပြီး ဒီကနေ့ ဧပြီလ ၁၂ ရက်အထိ  လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး လူတွေထိုက် ဒဏ်ရာရတာတော့ မရှိပါဘူး။

ကရင်နီဒေသမှာ ​ရှေ့တန်းတိုက်ပွဲနေတဲ့ နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော်တစ်ဦးက "မနေ့ညက ၁၂၂ ဟောင်ဝစ်ဇာတွေနဲ့ အကြောင်းမဲ့ပစ်တာ။ ဆက်တိုက်က ၅ လုံး စုစုပေါင်းတော့ ၁၀ လုံးကျော်မယ်။ ဒီမနက်မှာ ၅လုံးဆက်တိုက်ထပ်ပစ်တယ်။ အပျက်အစီးကိုမသိရသေးဘူး။ ကျေးရွာတွေကိုကျတယ်၊ စစ်ဘေးထပ်ရှောင်နေတယ်"လို့  ဆိုပါတယ်။

မိုးဗြဲဆည်(ဖယ်ခုံအင်း) အနီးက စစ်ကောင်စီ ခလရ ၄၄၂ တပ်ရင်းက  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်မှာရှိပြီး ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကြောင့် ဧပြီ ၃ ရက်နေ့ကနေ ၇ ရက်အထိ ပြည်သူ ၁ ဦးသေဆုံး ၆ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီလအစပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဘက်မှ အင်အား ၁၅၀၀ခန့်ပါဝင်တဲ့စစ်ကြောင်း ၁၂ ကြောင်းနဲ့ ရှမ်း-ကယားနယ်စပ်ထဲကိုထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာ စစ်ရေးအခြေအနေ တင်းမာမှု လျော့ကျအလားအလာမရှိကြောင်းကို ISP Myanmar မြန်မာ့မဟာဗျူဟာ နဲ့မူဝါဒလေ့လာရေးအင်စတီကျူက ဧပြီလ ၁၀ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လအတွင်း ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၀၂ ကြိမ်ဖြစ်ခဲ့ပြီး  စစ်ကောင်စီတပ်က ၁၃ ဦးအရှင်ဖမ်းမိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းကနေ ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး စစ်ဖြစ်ပွားချင်မရှိတဲ့နေရာတွေကိုလည်း ညတိုင်း လိုလို ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက် ပြည်သူအများစု ဘေးလွတ်ရာကိုစစ်ဘေးရှောင်နေရပြီး ရေ၊ စားနပ်ရိက္ခာ အကူလိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013