DVB Logo
Home
မြန်မာသတင်း
ဘုန်းကြီး ၅ ပါး ပြန်လွှတ် မလွှတ် နေ့ခင်း ၂ နာရီ အကြောင်းပြန်မည်
DVB
·
June 19, 2014
ဘုန်းကြီး ၅ ပါး ပြန်လွှတ် မလွှတ် နေ့ခင်း ၂ နာရီ အကြောင်းပြန်မည်
Donate to DVB

မဟာသန္တိသုခကျောင်းတိုက် ၀င်ရောက် စီးနင်းခံရပြီေးနာက် ဖမ်းဆီး လူဝတ်လဲခံရတဲ့ သံဃာတော် ၅ ပါး ပြန်လည်လွှတ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက်တဲ့ သံဃာထံက ဒီနေ့ခင်း ၂ နာရီ အဖြေရမယ်လို့ မကွေးဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

Thanithuka10062014(6ချိပ်ပိတ်ခံရပြီးနောက် လူဝတ်လဲ ထောင်တွင်းသွင်းပြီး တရားစွဲခံရသူတွေကတော့ အင်္ဂလန်နိုင်ငံသား မြန်မာလူမျိုး ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒနဲ့ ဦးသုန္ဒရာသီရိ တို့ ဖြစ်ပါတယ်။

သူတို့ကို ပြန်လည်လွှတ်ပေးဖို့ ထင်ရှားတဲ့ သံဃာတော်တချို့က ထုတ်ဖော် တောင်းဆိုခဲ့ကြပြီးတဲ့နောက် သံလျင်မြို့က နတ်စင်တရာ ဆရာတော်က ကြားဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

နတ်စင်တရာဆရာတော်ဟာ နိုင်ငံတော်သံဃမဟာနာယက (မဟန)၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့တွေနဲ့ ညှိနှိုင်းနေတယ်လို့ ဦးပါမောက္ခက မိန့်ကြားပါတယ်။

“နတ်စင်တရာ ဆရာတော်က သူ့ဘက်က ကြိုးပမ်းနေတယ်။ ၂ နာရီဆိုရင် အဖြေပေးမယ်။ ၂ နာရီ အဖြေရတဲ့အချိန်မှာ ကောင်းတဲ့အဖြေရရင် မနက်ဖြန် လွှတ်ပေးမှာဆိုရင် ဘုန်းကြီးတို့၊ ဦးဝီရသူတို့ဘက်က ဆန္ဒပြသွားမှာ မဟုတ်တော့ဘူး။ တကယ်လို့ နတ်စင်တရာဆရာတော်ရဲ့ အဖြေက လွှတ်မပေးဘူးဆိုတဲ့ အခြေအနေကို ရောက်သွားရင် ကျုပ်တို့က မနက်ဖြန် တာမွေတရားရုံးရှေ့ မနက် ၈ နာရီမှာ ဘုန်းကြီးတို့ ဆန္ဒပြတောင်းဆိုသွားဖို့ အစီအစဉ်ရှိတယ်။”

ညှိနှိုင်းချက်တွေအရ ရန်ကုန်တိုင်းအစိုးရနဲ့ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က စားပွဲဝိုင်းမှာ အဖြေရှာတာကို သဘောကျတယ်။ နိုင်ငံတော်သံဃနာယက ၁၅ ပါး ရှိတဲ့အနက် ၁၀ ပါးက သဘောကျတယ်လို့ ဆက်လက်မိန့်ပါတယ်။

“၂ နာရီမှာ အဖြေရလို့ လွှတ်မပေးဘူးဆိုရင် နတ်စင်တရာ ဆရာတော်နဲ့ တွေ့စရာ မလိုတော့ဘူး။ လွှတ်ပေးမှာ ဆိုရင်တော့ ဘယ်ပုံဘယ်နည်း လွှတ်ပေးမလဲ။ ဘယ်သူက ၀န်ခံ ကတိပြုမလဲ။ လွှတ်ပေးမယ်ဆိုရင် နတ်စင်တရာကျောင်းမှာ တွေ့ဖို့ ပင့်ထားတယ်။ လွှတ်မပေးဘူးဆိုရင် ဦးဇင်းတို့ တနေရာမှာပဲ တွေ့မယ်။”
မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန် ၁၁ ရက်နေ့ မနက် ၁ နာရီခန့်မှာ သာသနာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း သံဃနာယက က သံဃာတော် အပါး ၃၀၀ နီးပါးနဲ့ ရဲတွေက ၀င်ရောက်ပြီး ကျောင်းတိုက်အတွင်းက သံဃာတော်အပါး ၂၀ လောက်နဲ့ လူ ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

နောက်နေ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့တတွေကို အရေးယူသွားမယ်လို့ သတင်းစာရှင်းလင်းခဲ့သလို သံဃာတော် ၅ ပါးကိုလည်း လူဝတ်လဲ တရားစွဲဆိုထားတာ ဖြစ်ပြီး မနက်ဖြန် တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီကျောင်းဟာ ပီနန်ဆရာတော်ဘုရားကြီးနဲ့ မဟနအဖွဲ့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။

မဟနက ပီနန်ဆရာတော်နဲ့ အပေါင်းပါတွေကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းကနေ ထွက်ခွာဖို့ လျှောက်ကြားပြီး ပီနန်ဆရာတော်ကြီး ပြည်ပ သာသနာပြု ခရီးထွက်ခိုက် ကျောင်းကို ၀င်ရောက်သိမ်းပိုက်ပြီး ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013