DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ကဝရဲတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရ
DVB
·
April 12, 2023
ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ကဝရဲတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဧပြီ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ ရေးပြောက်ကျား YGF အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် အုပ်ချုပ်ရေးမှူးရုံးက စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် ၃ ယောက် သေဆုံးခဲ့ပြီး AK ၂ လက်အား သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးပြောက်ကျား YGF ဗိုလ်ကျန်ရစ် က ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အုပ်ချုပ်ရေးမှူးရုံးမှာ အလုပ်လုပ်နေတဲ့ ၁၄ နှစ်အရွယ် ကောင်းလေးတယောက်လည်း သေဆုံးခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

“အခင်းဖြစ်နေတဲ့အချိန်မှာ စစ်ဆင်ရေးပစ်မှတ်အနီးနားမှာရှိနေတာ သူက ထပြေးလိုက်တော့ မသိဘူးလေ။ စစ်တပ်ဘက်ကပဲ ယူဆပြီး အချိန်ကမရတာကြောင့် ပစ်ခတ်ခံရတဲ့အထဲမှာ ပါသွားတယ်။ သူ့ကို ပြည်သူဖြစ်မှန်းသေပြီးမှ သိရတယ်။ နောက်ဆို စစ်ကောင်စီအပေါင်းပါတွေအနားမှာမနေကြဖို့ လူထုကိုသတိပေးချင်ပါတယ်” လို့ ဗိုလ်ကျန်ရစ်က ပြောပါတယ်။

ရေးမြို့နယ် အဝင်ထွက်အားလုံးကို စစ်ကောင်စီတပ်က လုံခြုံရေးပိတ်ဆို့တင်းကျပ်ထားတဲ့ အခုလို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ ရေးမြို့နယ်ထဲမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ရှမ်းကန်-သပြုလမ်းမှာ ဆက်ကြေးလာကောက်တဲ့ စစ်ကောင်စီလက်အောက်ခံ ကဝမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦးအား ကဝမြို့နယ်ပကဖ က ပိတောက်ဖူးစစ်ဆင်‌ရေးအဖြစ် ဧပြီ ၁၁ ရက် မနက် ၁၀ နာရီခွဲလောက် ပစ္စတိုနဲ့ အနီးကပ် ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးခဲ့တယ်လို့ ကဝမြို့နယ် ပကဖက ပြောပါတယ်။

ဆိုင်ကယ်စီး စစ်ကောင်စီရဲတပ်ဖွဲ့ ၂ ဦးအား ကဝမြို့နယ်ပကဖ တော်လှန်ရေးရဲဘော် ၂ ဦးက အနီးကပ် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆိုင်ကယ်နောက်မှာ ထိုင်လာတဲ့ ရဲတပ်ဖွဲ့ဝင် သေဆုံးသွားပြီး ကျန်တဦးက မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ရက်စက်ယုတ်မာစွာ တိုက်ခိုက်ခဲ့မှုအတွက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ ဒေါက်တိုင်တွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီက ကျင်းပမယ့်သင်္ကြန်ကို သပိတ်မှောက်ဆန့်ကျင်ပြီး တော်လှန်သင်္ကြန်ဆင်နွှဲကြဖို့လည်း ကဝမြို့နယ် ပကဖ က တိုက်တွန်းလိုက်ထားပါတယ်။

ကဝမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို အလစ်ငိုက်တိုက်ခိုက်ခံနေရပြီး အကျအဆုံး များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013