DVB Logo
Home
Lead Story
၆၉ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
June 19, 2014
၆၉ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကျင်းပ (ဓာတ်ပုံ)
1 / 7
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ပွဲကို မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဇွန် ၁၉ ရက် ဒီနေ့ မနက် ၉ နာရီအချိန်က စတင် ကျင်းပ ပြုလုပ်နေပါတယ်။ (သတင်းဓာတ်ပုံ - ဇော်ဇော်)
[gallery ids="58797,58798,58799,58800"]

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီမနက် စတင်ကျင်းပနေပါတယ်။

ဒီမွေးနေ့ပွဲကို ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့အတွက် လာရောက်ခြင်း မရှိခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေက အစားအသောက်တွေနဲ့ ဧည့်ခံခဲ့ပြီး မွေးနေ့ကိတ် လှီးပြီး မွေးနေ့ဆုမွန်ကောင်း တောင်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ သုံးရောင်ခြယ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ပွဲအကြို ပြုလုပ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ (ဓာတ်ပုံ-ထွန်းထွန်းသိန်း)
[gallery ids="58803,58804,58805"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013