DVB Logo
Home
မြန်မာသတင်း
သာကေတတွင် ဗကသပူးပေါင်းအဖွဲ့များ တော်လှန်သင်္ကြန်ကမ်ပိန်းပြုလုပ်
DVB
·
April 11, 2023
သာကေတတွင် ဗကသပူးပေါင်းအဖွဲ့များ တော်လှန်သင်္ကြန်ကမ်ပိန်းပြုလုပ်
Donate to DVB

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ထဲမှာ သာကေတကျောင်းသားများသမဂ္ဂ(ဗကသ) နဲ့ သာကေတမြို့နယ် အခြေခံပညာ ကျောင်းသားများ သပိတ်ကော်မတီတို့ ပူးပေါင်းပြီးတော့ ဖက်ဆစ်စစ်တပ်က ဦးဆောင်လုပ်မယ့် သင်္ကြန်ပွဲတော်တွေမှာ မပါ၀င်ရေး လူထုလှုပ်ရှားမှု တရပ်ကို ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

“ဖက်ဆစ်တန်ခူး တို့မမြူး” အမည်ရတဲ့ ဒီကမ်ပိန်းကိုတော့ အဖမ်းအဆီးအစစ်အဆေးတွေ များနေတဲ့ကြားကပဲ မြို့နယ်ခန်းမရှေ့မှာ သာကေတမြို့နယ်ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့ ဂဠုန်နီပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း (RGY)၊ အထက ၂ သာကေတ ကျောင်းသားများသမဂ္ဂ (ဗကသ)၊ အထက ၃ သာကေတကျောင်းသားများသမဂ္ဂ(ဗကသ) နဲ့ သာကေတမြို့နယ် အခြေခံ ပညာ ကျောင်းသားများ သပိတ်ကော်မတီတို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကတော့ ဒီနှစ် ၂၀၂၃ သင်္ကြန်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် သူတို့ ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေ စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ကာလမှာ ပြည်သူတွေသင်္ကြန် ဖြတ်သန်းတဲ့အခါ စစ်တပ်နဲ့ ဆက်စပ် ထုတ်ကုန်တွေ အသုံးမပြုဖို့၊ စစ်တပ် လက်အောက်ခံ စီးပွားရေး လုပ်ငန်းတွေကို အားမပေးကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ တဖက်မှာ တော်လှန်‌ရေးအားကောင်းတဲ့ ဒေသတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေပြီး တဖက်မှာလည်း တိုင်းပြည်အေးချမ်းနေတာကို ပြချင်တဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေ အတင်းအကျပ် ဖန်တီးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013