DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ရှမ်းပြည်တပ်မတော် ဆွေးနွေးမည်
DVB
·
June 18, 2014
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ရှမ်းပြည်တပ်မတော် ဆွေးနွေးမည်
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့တို့ဟာ ဇွန်လ ၁၉ ရက် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ထဲမှာ တွေ့ဆုံဆွေးနွေးမယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_51059" align="alignright" width="300"]၂၀၁၄ ခုနှစ် ဇန်န၀ါရီလက ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ရှမ်းပြည်တပ်မတော် ဆွေးနွေးစဉ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ရှမ်းပြည်တပ်မတော် ဆွေးနွေးစဉ်[/caption]

ဒီတွေ့ဆုံမှုမှာ အဓိကအားဖြင့် တပြည်လုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စကို ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပြီး ရှမ်းပြည်တပ်မတော်ဘက်က စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ရွက်စစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ဦးနဲ့ ယူပီဒဗလျူစီက ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အခြားတာဝန်ရှိသူ ၇ ဦးတို့ ပါဝင်မယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်တပ်မတော်ဘက်က လွန်ခဲ့တဲ့ လပိုင်းအတွင်း ကျိုင်းတုံဆက်ဆံရေးရုံးကို အစိုးရအာဏာ ပိုင်တွေ ရှောင်တခင်ဝင်စစ်တဲ့ကိစ္စ၊ အက်စ်အန်အယ်လ်ဒီ ရှမ်းပါတီက ကျေးရွာဥက္ကဋ္ဌကို ရှမ်းပြည်တပ်မတော်နဲ့ ဆက်ဆံလို့ဆိုပြီး ပုဒ်မ ၁၇ /၁ နဲ့ တရားစွဲခဲ့တဲ့ကိစ္စတွေ တင်ပြဆွေးနွေးမယ်လို့ ဆိုပါတယ်။

အဲဒီပြဿ နာတွေနဲ့ ပတ်သက်ပြီး နှစ်ဘက်ခေါင်းဆောင်အချင်းချင်း ညှိနှိုင်းခဲ့ပြီးဖြစ်ပေမယ့် အများပြည်သူတွေ သိရှိဖို့ ထပ်ဆွေးနွေးမှာဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းလက ဆိုပါတယ်။

နှစ်ဖက်သော အဖွဲ့ဝင်တွေဟာ ဒီနေ့ညနေမှာတော့ ညစာစားပွဲအတူတက်ရင်း အလွတ်သဘောတွေ့ဆုံမယ်လို့ ပြောပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစော မူတူးစေးဖိုး ဦးဆောင်တဲ့ ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဒီနှစ်ထဲမှာ တပြည်လုံး အပစ် အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013