DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူအားလုံးအတွက် နွေးထွေးသော မေတ္တာပို့သကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
April 10, 2023
မြန်မာပြည်သူအားလုံးအတွက် နွေးထွေးသော မေတ္တာပို့သကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးပြော
Donate to DVB

အခုလို ခက်ခဲတဲ့ ကာလမှာ မြန်မာပြည်သူအားလုံးအတွက် နွေးထွေးတဲ့ မေတ္တာကို အလေးထား ပို့သလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ပြောလိုက်ပါတယ်။

ဧပြီ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ၂၀၂၃ မြန်မာနှစ်သစ်ကူး - သင်္ကြန်အခါသမယအတွက် ထုတ်ပြန်ချက်မှာ ခုလိုပြောလိုက်တာဖြစ်ပြီး မြန်မာပြည်သူတွေ ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်းနဲ့ အမေ ရိကန်ပြည်သူတွေနဲ့ အမေရိကန်အစိုးရကိုယ်စား  ပြောကြားလိုက်တာပါ။

သင်္ကြန်ဆိုတာကတော့ အဟောင်းကနေ အသစ်ဆီ ကူးပြောင်းတဲ့ အခါသမယတခုဖြစ်ပြီး မြန်မာပြည်သူတွေက မိမိတို့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ နိုင်ငံတော်အတွက် လိုလားတောင့်တနေကြတဲ့ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတို့ကို ထင်ဟပ်ဆင်ခြင်ဖို့ အခွင့်အခါတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်အဖွဲ့အစည်းက ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုတွေကို အမြောက်အမြား ကျူးလွန်နေချိန်မှာ အာဏာသိမ်းမှုနဲ့ အရပ်သားပြည်သူတွေအပေါ် နှိပ်စက်ကလူ ပြုမှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး နိုင်ငံတကာက ကြိုးပမ်းအားထုတ်မှုတွေမှာ အမေရိကန်နိုင်ငံက ဆက်လက်ဦးဆောင်သွားဖို့ သံန္နိဋ္ဌာန် ချထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီမိုကရေစီအရေးရှေးရှုတဲ့ လှုပ်ရှားမှုတွေ၊ အကျပ်အတည်းအဆုံးသတ်စေဖို့ နည်းလမ်း ရှာနေကြသူတွေနဲ့ မြန်မာနိုင်ငံအတွက် အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရက်တစ် အနာဂတ်တခုကို ရည်သန်ကြိုးပမ်းနေကြသူတွေကိုလည်း ဆက်လက်အားပေးထောက်ခံသွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကတော့ ဒီနှစ် ၂၀၂၃ သင်္ကြန်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေ အပါအဝင် သူတို့ ထိန်းချုပ်လို့ရတဲ့ မြို့တွေမှာ သင်္ကြန်မဏ္ဍပ် တွေနဲ့ လမ်းလျှောက်သင်္ကြန်ပွဲတွေ စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ကာလမှာ ပြည်သူတွေ သင်္ကြန် ဖြတ်သန်းတဲ့အခါ စစ်တပ်နဲ့ ဆက်စပ် ထုတ်ကုန်တွေ အသုံးမပြုဖို့၊ စစ်တပ် လက်အောက်ခံ စီးပွားရေး လုပ်ငန်းတွေကို အားမပေးကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ တဖက်မှာ တော်လှန်‌ရေးအားကောင်းတဲ့ ဒေသတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေပြီး တဖက်မှာလည်း တိုင်းပြည် အေးချမ်းနေတာကို ပြချင်တဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေ အတင်းအကျပ် ဖန်တီးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013