DVB Logo
Home
မြန်မာသတင်း
“အဝေးအနီးဟာ အရေးမကြီးဘူး၊ သွေးနီးဖို့သာ အရေးကြီးတယ်”- ဦးအောင်ကြည်ညွန့်
DVB
·
April 10, 2023
“အဝေးအနီးဟာ အရေးမကြီးဘူး၊ သွေးနီးဖို့သာ အရေးကြီးတယ်”- ဦးအောင်ကြည်ညွန့်
1 / 9
Donate to DVB

အဝေးအနီးဟာ အရေးမကြီးဘဲ သွေးနီးဖို့သာ အရေးကြီးကြောင်း ပြည်ထေင်စုလွတ်တော် ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ကယန်းအမျိုးသားနေ့အခမ်းအနားမှာ တိုက်တွန်းလိုက်ပါတယ်။

၂၃ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို အမေရိကန်ပြည်ထောင်စု Indianapolis မြို့မှာ ဧပြီ ၉ ရက်နေ့ကကျင်းပခဲ့ပြီး အခမ်းအနားမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUG လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စု ဒုဝန်ကြီး ဗဟန်းထန်၊ ပြည်ထေင်စုလွတ်တော် ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက် အားပေးစကားပြောကြားခဲ့ကြပါတယ်။ 

ပြည်ထေင်စုလွတ်တော် ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် “မိခင်မွေးရပ်မြေဒေသကနေပြီးတော့ အဝေးကိုရောက်နေကြတဲ့ ကျနော်တို့ ညီနောင်အရင်းတွေဖြစ်ကြတဲ့ ကယန်းလူမျိုးများမှာ ဘာသွားတွေ့ရလဲ ဆိုရင်တော့ အဝေးအနီးဟာ အရေးမကြီးဘူး သွေးနီးဖို့သာ အရေးကြီးတယ်ဆိုတာ အမှတ်ပြုနေမိတယ်။ ဒါကြောင့် ဒီနေ့အခမ်းအနားမှာ အဝေးအနီးကိုထားပြီး သွေးနီးကြတဲ့ စုစည်းမှုဖြစ်တဲ့အတွက် အင်မတန်မှ တဖိုးရှိတယ်လို့ ခံစားရတယ်။ အနစ်သာရသုံးခုကိုလည်း ထူးထူးခြားခြားတွေ့ရပါတယ်။ ပထမ အချက်တော့ ရေရှည်တန့်ခိုင်မြဲပြီးတော့ ကမ္ဘာတည်သရွေ့သွားရမယ့် မရှိမဖြစ်လိုအပ်တဲ့ ဘာသာစကား ယဉ်ကျေးမှု ကောင်းကောင်းတည်ဆောက်နိုင်တဲ့ အနစ်သာရကို တွေ့ရပါတယ်။ ဒုတိယ အနစ်သာရကတော့ ကယန်းတမျိုးသားလုံးတစုတစည်းတည်းရှိပြီးတော့ ပူးပေါင်းနိုင်မယ့် စုစည်းနိုင်မယ့် အနစ်သာရ ပြည့်ဝတဲ့ အခမ်းအနားတခုလို့မြင်တယ်။ တတိယ အနေနဲ့ အမျိုးသားများရဲ့ ဂုဏ်ရည်ဟာ အမှတ်လက္ခဏာဖြစ်တယ်၊ ကယန်းအတွေရဲ့ အလံတော်ကို အတည်ပြုပေးနိုင်လောက်တဲ့ အနစ်သာရတန်းဖိုးဟာ အဆုံးအဖြတ်ဖြစ်တယ်။”

ဧပြီ ၁၀ ရက်နေ့ဟာ ကယန်းအမျိုးသားနေ့ဖြစ်ပြီး ကယန်းလူမျိုးတွေဟာ သက္ကရာဇ် ၂ဝဝဝ ခုနှစ်ကစတင်ကာ ကယန်း အမျိုးသားနေ့ကို နှစ်စဉ် ကျင်းပလာခဲ့တာ ၂၃ ကြိမ် ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်တည်းတွေကြောင့်လည်း ကယန်းအမျိုးသားတွေရဲ့ စည်းလုံးညီညွတ်မှုကို အထိအခိုက်မခံဖို့  လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စု ဒုဝန်ကြီး ဗဟန်းထန်က တိုက်တွန်းခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စု ဒုဝန်ကြီး ဗဟန်းထန်က “လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုများကြောင့် ကျနော်တို့ရဲ့ စည်းလုံညီညွတ်မှုကိုလည်း ထိခိုက်မခံဖို့ အထူးသတိပြုဖို့ ပြောလိုပါတယ်။ တဖက်မှာလည်း နိုင်ငံရေး လူ့အခွင့်အရေးတွေရရှိဖို့ စည်းစည်းလုံးလုံးနဲ့ ဆက်လက်ချီတက်ကြဖို့၊ စစ်အာဏာရှင်အုပ်စုကိုလည်း ဘယ်နည်းလမ်းနဲ့ မဆို စုစုစည်းစည်းနဲ့ တိုက်ပွဲကြဖို့ တိုက်တွန်းလို့ပါတယ်” လို့ ပြောပါတယ်။

ကယန်း လူမျိုးတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်း ကရင်နီပြည်(ကယားပြည်နယ်) ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ ပျံ့နှံ့နေထိုင်ကြပြီး  လူဦးရေ ၂ ခွဲသိန်းကနေ ၃ သိန်းအကြားမှာရှိပါတယ်။  

ကယန်းလူမျိုးတွေဟာ မြန်မာနိုင်ငံရှိ တောင်ပေါ်ဒေသမှာ အများစုနေကြထိုင်ကြပြီး ကရင်နီလူမျိုးစုနွယ်ဝင် လူမျိုးစုခွဲတခုဖြစ်ပါတယ်။

ကယန်းမှာ ကယန်းလထ၊ ကယန်းကငန်၊ ကယန်းလဝီး (ပဒေါင်)၊ ကယန်း (ကခေါင်း) ဆိုပြီး လူမျိုးစုခွဲ လေးခုရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013