DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းမြန်မာကျောင်းသားများကို အရှင်ဆေကိန္ဒ ပုံနှိပ်စာအုပ် ၁၀၀၀၀ ကျော် လှူဒါန်း
DVB
·
June 18, 2014
ရွှေ့ပြောင်းမြန်မာကျောင်းသားများကို အရှင်ဆေကိန္ဒ ပုံနှိပ်စာအုပ် ၁၀၀၀၀ ကျော် လှူဒါန်း
Donate to DVB

ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသားတွေအတွက် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဓမ္မဒူတ ကျောင်းတိုက်ဆရာတော် အရှင်ဆေကိန္ဒက ကျောင်းသုံး ပုံနှိပ်စာအုပ်အစုံ ၁ သောင်း ကျော်လှူဒါန်းလိုက်ပါတယ်။

[caption id="attachment_58774" align="alignright" width="300"]မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ကြားနေစဉ် မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ကြားနေစဉ်[/caption]

သူငယ်တန်းကနေ ၁၀ အထိ ပုံနှိပ်စာအုပ်တွေကို ထိုင်းနိုင်ငံမဲဆောက်မြို့နဲ့ အနီး အနားတ၀ိုက်က ကျောင်းပေါင်း ၃၈ ကျောင်းနဲ့ အိုင်ဒီပီလို့ လူသိများတဲ့ မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဖွင့်တဲ့ ကျောင်း ၃၇ ကျောင်းအတွက် လှူဒါန်း ထားတာဖြစ်ပါတယ်။

ဒီစာအုပ်တွေကို ရွှေ့ပြောင်းမြန်မာအလုပ်သမားပညာရေး ကော်မတီကနေတဆင့် ဒီကျောင်းဖွင့်ရာသီမှာ ပေးအပ်လှူန်ဒါန်းတာဖြစ်ပါတယ်။
ကူညီရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး အရှင်ဆေကိန္ဒရဲ့ မဲဆောက်ပညာရေး ကိုယ်စားလှယ် ဦးဇော်သူရက အခုလို ပြောပါတယ်။

“ဘာကြောင့်လှူတာလဲဆိုတော့ အရင်တုန်းက မဲဆောက်ကျောင်းတွေမှာ မြန်မာသင်ရိုးညွှန်းတမ်းတွေ ဈေးကြီးတော့ မ၀ယ်နိုင်တော့ မိတ္တူကူးပြီးတော့ သင်ရတယ်လေ။ အဲဒီလို မိတ္တူကူးပြီးတော့ သင်ရတာကို ဘုန်းဘုန်းကို လျှောက်လိုက်တော့ ဘုန်းဘုန်းကနေပြီးတော့ သူ့ကို လှူပေးပါလို့ ပြောလို့ ကျနော်တို့ ဒါကို လှူဖြစ်လာတာပေါ့။ မနှစ်က အစုံ ၈၀၀၀ ကျော်နဲ့ ဒီနှစ်တော့ အစုံ ၁၁၀၀၀ ကျော် မဲဆောက်ဒေသပေါ့။ ဒီနှစ်တော့ အိုင်ဒီပီ ဒုက္ခသည်တွေကိုလည်း သွားလှူမှာပါ။”
ရွှေ့ပြောင်းမြန်မာအလုပ်သမားပညာရေးကော်မတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ဆရာမ ခေါ်ချိုချိုမာ ကတော့ သူတို့ဆီကို အစုံပေါင်း ၆ ထောင်ကျော်သာ ရောက်ရှိသေးပြီး ရောက်လာ သမျှတွေကို ဝေပေးပြီးပြီလို့ ပြောပါတယ်။
ဒီလို အကူအညီ ရရှိတာနဲ့ပတ်သက်ပြီး သင်ကြားရေးပိုင်းမှာ အများကြီး အထောက်အကူ ပြုတယ်လို့ ပြောပါတယ်။

“ကျောင်းတွေအတွက် ၀ယ်မသုံးရဘူးပေါ့။ အဲဒီလိုမျိုး အကျိုးသက်ရောက်မှုတော့ ရှိပါတယ်။ အရင်တုန်းက ဒီကျောင်းက ကလေးတွေက မပြည့်စုံဘူးလေ။ တအုပ်ကို ၂ ယောက် ကြည့်ရတာတို့ ဘာတို့ ရှိတယ်။ ကိုယ်ပိုင် တယောက် ၁ စုံဆီရှိတော့ ဆရာ၊ ဆရာမတွေ အိမ်စာပေးရင်လည်း ကလေးတွေ ကိုယ်တိုင် အိမ်စာလုပ်လို့ရတယ်။ အဲဒီလို မျိုးတွေပေါ့။”
မဲဆောက်က မယ်တော် စီဒီစီကျောင်းလို့ လူသိများတဲ့ ကလေးသူငယ် ဖွံ့ဖြိုးရေးစင်တာ ကျောင်းအုပ် ဆရာရွှေနှင်းကတော့ သူ့ကျောင်းမှာတာ့ ကျောင်းသူ ကျောင်းသား ၈၀၀ ကျော်အ တွက် ပုံနှိပ်စာအုပ် လက်ခံရယူထားတယ်လို့ ပြောပါတယ်။
အရှင် ဆေကိန္ဒဟာ ပြီးခဲ့နှစ်ကလည်း ရွှေ့ပြောင်းမြန်မာ ကျောင်းသူကျောင်းသားတွေ အတွက် ပုံနှိပ်စာအုပ် ၈ ထောင်ကျော် လှူဒါန်းသလို မြန်မာပြည်မှာ ၁၀ တန်းစာပေးပွဲဖြေမယ့် ကျောင်းသူ ကျောင်းသားတွေကိုလည်း ပညာရေး ထောက်ပံ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တာ့ခရိုင် မဲဆောက်မြို့ မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာကျောင်း ၅ ကျောင်းက ကျောင်းသူ ကျောင်းသား ၁၂၅ ယောက်ဟာ ၀င်ရောက်ဖြေဆိုခဲ့ပါတယ်။ ဖြေဆိုသူတွေထဲက ၄ ဘာသာ ဂုဏ်ထူး ၁ ယောက်၊ ၁ ဘာသာဂုဏ်ထူး ၅ ယောက် အပါအ၀င် စုစုပေါင်း ၃၅ ယောက် အောင်မြင်ခဲ့ပါတယ်။

အဲဒီဖြေဆိုမယ့် ၁၂၅ ဦးအနက် ဆရာတော်အစီအစဉ်နဲ့ ထူးချွန်ကျောင်းသား ကျောင်းသူ ကျောင်းသား ၂၂ ယောက်ကို ရွေးထုတ်ပြီး မန္တလေးမှာ ရက် ၄၀ အနီးကပ် သင်ကြားပေးခဲ့တဲ့ အနက် ၂၁ ယောက်ကတော့ အောင်မြင်သွားတယ်။

အောင်မြင်တဲ့ကျောင်းသူကျောင်းသားတွေကိုလည်း အရှင် ဆေကိန္ဒက သူတို့တက်တဲ့ တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းစရိတ်ထောက်ပံ့မလို့ ဦးဇော်သူရက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013