DVB Logo
Home
မြန်မာသတင်း
စစ်တပ်မကောင်းကြောင်းရေးသားမှုဖြင့် ပြည်သူ ၃ ဦး ဖမ်းဆီး အမှုဖွင့်ခံရ
DVB
·
April 10, 2023
စစ်တပ်မကောင်းကြောင်းရေးသားမှုဖြင့် ပြည်သူ  ၃ ဦး ဖမ်းဆီး အမှုဖွင့်ခံရ
Donate to DVB

ရန်ကုန်မှာ စစ်ကောင်စီတပ် မကောင်းကြောင်း လူမှုကွန်ရက်မှာရေးသားခဲ့တဲ့ အမျိုးသမီး ၁ ဦးအပါအဝင်  ၃ ဦးကို   ဧပြီ ၉ ရက် မနက်ပိုင်းက  စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်လို့  ရဲတပ်ဖွဲ့မှူးရုံးနဲ့  မြို့ခံတွေထံက သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်မှာ မနေ့ မနက် ၁၀ နာရီက အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးပြီး ဝေဘာဂီရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ရဲတပ်ဖွဲ့မှူးရုံးနဲ့  ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"အခုက ဖုန်းကိုစစ်ပြီးဖမ်းတာ ဖုန်းထဲမှာ ဘာတွေ တွေ့လဲတော့ မသိဘူး။ ရဲစခန်းကိုခေါ်သွားတယ်။ စစ်တပ်နဲ့ရဲလာဖမ်းတာ။”

ဒဂုံမြို့သစ်(အရှေ့ပိုင်း)ပိုင်းမြို့နယ် ၁၂၅ ရပ်ကွက်မှာလည်း မနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က အသက် ၄၂ အရွယ်အမျိုးသားတယောက်ကို  စစ်တပ်က လာရောက်ဖမ်းဆီးပြီး ရဲစခန်းမှာ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် သွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

အလားတူ ကမာရွတ်မြို့နယ် ရွာမအနောက်ရပ်ကွက်မှာလည်း အသက် ၃၀ အရွယ်အမျိုးသားတယောက်ကို  စစ်ကောင်စီတပ်နဲ့ရဲတွေ ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

မနေ့က ဖမ်းဆီးခံရသူတွေကတော့  ဒေါ်ခင်ခင်ထိုက်၊ ကိုမင်းလွင် (ခ)အေးမင်းနဲ့ ကိုကောင်မြတ်မိုး တို့ဖြစ်ပြီး သတင်းပေး တိုင်ကြားသူရှိတာကြောင့် ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က)နဲ့ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောပါတယ်။

"စစ်တပ်က ဖမ်းပြီး နယ်မြေရဲစခန်းတွေမှာ ပုဒ်မ ၅၀၅ (က)နဲ့အမှုဖွင့်တာပါ သတင်းပေးတဲ့သူရှိလို့ ဖမ်းတာပါ"လို့  ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လူမှုကွန်ရက်မှာ စစ်ကောင်စီတပ်မကောင်းကြောင်းရေးပြီး NUG ကို ထောက်ခံအားပေးနေတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

စစ်ကောင်စီ လော်ဘီတွေဟာ ပြည်သူလူထုတွေရဲ့ လူမှုကွန်ရက်တွေကို စောင့်ကြည့်ကာ  စစ်တပ်ကို ဝေဖန်ဆန့်ကျင်သူတွေကို သတင်းပေးဖမ်းဆီးခိုင်းနေတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာလည်း တရားပဒေရဲ့ အကာအကွယ်မရဘဲ  မတရားစွပ်စွဲခံရပြီး ထောင်ဒဏ်တွေ ချမှတ်ခံနေရတာပါ။

စစ်ခေါင်းဆောင်က ဒီမိုကရေစီစနစ်ဆီသွားနေတယ်လို့ တဖက်မှာ ကြွေးကြော်နေပေမဲ့ လက်တွေ့မှာတော့  မြန်မာပြည်သူတွေရဲ့ လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင်  အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013