
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ လူငယ်ကစားသမား အဒမ်ဝါတန်ဟာ ဒီနွေရာသီ မှာ ခရစ်စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေ ထွက်လာ ပါတယ်။
ဝါတန်ဟာ အဆင့်မြင့်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ယုံကြည်နေပြီး ချန်ပီယံလိဂ် ကစားရမဲ့ အသင်းကြီးတသင်းဆီကို ပြောင်းရွှေ့ချင်နေတာလို့ The Sun သတင်းစာက ဖော်ပြ ပါတယ်။
အသက် ၂၂ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူဟာ လက်ရှိမှာလည်း နည်းပြတူချယ်ရဲ့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရပါတယ်။
သူဟာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ၆၃ ပွဲကစားထားသလို အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း ၃ ပွဲကစားထားပါတယ်။ ဝါတန်ကို မန်ယူအသင်းအပြင် လီဗာပူးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။
Photo: Reuters










