DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းမြေ ပြန်ရရေး ဦးဆောင်သူ ဒေါ်စုစုနွေး ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ
DVB
·
June 18, 2014
သိမ်းဆည်းမြေ ပြန်ရရေး ဦးဆောင်သူ ဒေါ်စုစုနွေး ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ
1 / 2
Donate to DVB

ပြင်ဦးလွင်မြို့မှာ သိမ်းဆည်းခံ လယ်ယာမြေ ပြန်ရရေး ဦးဆောင်လူပ်ရှားနေတဲ့ ဒေါ်စုစုနွေးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က ပြင်ဦးလွင်မြို့ပေါ်မှာ ဒေါ်စုစုနွေးအပါအ၀င် ဒေသခံ ၁၅၀ လောက်ဟာ ခွင့်ပြုမိန့် မရဘဲ စီတန်း လှည့်လည်ဆန္ဒပြခဲ့ကြတဲ့အတွက် အခုလို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်တရားစွဲဆိုလိုက်တာပါ။

suu suu nway 1ပြင်ဦးလွင်မြို့နယ် ထုံးဘိုရွာမှာ စစ်တပ်က သိမ်းယးထားတဲ့ လယ်ယာမြေတွေပြန်ရဖို့ ကိစ္စနဲ့ မြေယာတွေ ပြန်ရရေး လှုပ်ရှားသူတွေကို ကော်ဖီခြံ လုပ်သားတွေက ရိုက်နှက်ခဲ့တဲ့ ကိစ္စ တွေအပေါ် အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီအပေါ် ဇွန် ၁၇ ရက်က ပြင်ဦးလွင်မြို့နယ် ရဲမှူးက ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပြီး ရဲစခန်းလာရောက်ဖို့ စာပို့ အကြောင်းကြားခဲ့တယ်လို့ ဒေါ်စုစုနွေးရဲ့ အမျိုးသား ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမာကီးက ဒီဗွီဘီကို ပြောပါတယ်။

“မြို့နယ်ရဲမှူးရဲ့ လက်မှတ်နဲ့ ထုတ်ပြီးတော့ သူတည်းခိုတဲ့ရွာမှာ စာလာပို့တယ်။ ရဲစခန်းကို လာရောက်ဖြေရှင်းဖို့ သူ့ကိုခေါ်တဲ့အခါမှာ သူက အကြောင်းပြန်လိုက်တာက ပုဒ်မ ၁၈ နဲ့ သူ့ကို အရေးယူဖမ်းဆီမယ်ဆိုရင် တရားဝင် အချိန်မရွေး လာဖမ်းလို့ရတယ်ဆိုပြီး သူတည်းတဲ့နေရာမှာ စောင့်နေတယ်။ အခုလက်ရှိ လွန်ခဲ့တဲ့ ၁ နာရီကျော်လောက်အထိ လာဖမ်းဆီးမှု မရှိဘူးလို့ သိရတယ်။”

ဒေါ်စုစုနွေးကို မနေ့က ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်သလိုပဲ မန္တလးတိုင်းအတွင်းမှာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး ထွန်တုံးတိုက်ပွဲဝင်ခဲ့တဲ့ မတ္တရာမြို့နယ်က လယ်သမားတွေကိုလည်း ပုဒ်မ ၁၈ နဲ့ အရေးယူထားပါတယ်။

အထက်မြန်မာပြည်ရှေ့နေများ ကွန်ရက်၊ ဥပဒေတာဝန်ခံ ဦးသိန်းသန်းဦးကတော့ ပုဒ်မ ၁၈ နဲ့ အရေးယူ ခံရသူတွေကို ကူညီမှုပေးနေပြီး ဒီဥပဒေက ဖွဲ့စည်းပုံဥပဒေနဲ့ ဆန့်ကျင်နေပြီး တက်ကြွလူပ်ရှားသူတွေကို အရေးယူတဲ့ ဥပဒေသာ ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Suu Suu Nway“ပွင့်ပွင့်လင်းလင်းပြောရင် ပုဒ်မ ၁၈ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်နေတယ်လို့ ယူဆတယ်။ ပြဋ္ဌာန်းထားတဲ့ ၂၀၁၂ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ငြိမ်းစုစီ ဥပဒေတခုလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ နဲ့ ကိုက်ညီမှုမရှိဘူး။ ဒါ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ချုပ်ချယ်ဖို့အတွက်ပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကျတော့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပေးထားပြီးတော့ အဲဒီဟာကို အောက်က ပြန်ပြီး အရေးယူမှုတွေ လုပ်တယ်။”

၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံသားတိုင်းကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ပေးထားပြီး ဖြစ်ပေမယ့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပြည်ထဲရေးဌာနလက်အောက်ခံ ရဲစခန်းတွေက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ချိုးဖောက်မှု ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးအရေးယူ ထောင်ချမှုတွေ မကြာခဏ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013