DVB Logo
Home
မြန်မာသတင်း
ငွေချေး Application များဖြင့် စာပို့ခြိမ်းခြောက် ငွေကြေးလိမ်လည်မှုများရှိနေ
DVB
·
April 9, 2023
ငွေချေး Application များဖြင့် စာပို့ခြိမ်းခြောက် ငွေကြေးလိမ်လည်မှုများရှိနေ
Donate to DVB

မြန်မာနိုင်ငံမှာ ငွေကြေးလိမ်လည်နေတဲ့  Online Cash /Loan Application အရေအတွက် ၂၃ ခုလောက် ရှိနေပြီး မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုတဲ့ ပြည်သူလူထုကို ပစ်မှတ်ထားပြီး ငွေကြေးလိမ်လည်မှုတွေအပါအဝင် ခြိမ်းခြောက်မှုတွေကိုပါ လုပ်ဆောင်နေတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ပြောပါတယ်။ 

ဧပြီ ၃ ရက် ညပိုင်းက Online Game ဆော့နေရင်း  ကြော်ငြာ ပုံစံမျိုး နဲ့ Zuriloan App ပေါ်လာလို့ Download လုပ် Acc ဖွင့်လိုက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ Wave Money ကနေ ပိုက်ဆံ ၃၅၇၅၀ ဝင်လာတယ်လို့ ကိုယ်တိုင် ကြုံရသူတစ်ဦးက ပြောပါတယ်။

“ပိုက်ဆံ ဝင်လာလို့ App ထဲကို ဝင်ကြည့်တော့မှ ၆ ရက် အတွက်ချေးငွေ ၅၅၀၀၀ ဆိုပြီး ပြတယ်။ Facebook မှာ ရှာကြည့်တော့ ချေးငွေ App ဖြစ်နေတယ် ကျနော်လည်း ချက်ချင်းပဲ ငွေလွှဲပေးတဲ့ ဖုန်းနံပါတ်နဲ့ App ထဲက ဖုန်းနံပတ်တွေကို ခေါ်ပေမယ့် မကိုင်တဲ့အပြင် နောက်နေ့တွေ ဆက်တော့ ဖုန်းကို ဘလော့သွားတာ။ ၆ ရက်မြောက်နေ့မှာ ခြိမ်းခြောက်တဲ့ စာတွေလည်း ဆက်တိုက်ပို့လာတာ။”

အင်တာနက်လိုင်းဖွင့်ပြီး ဖုန်းသုံးချိန်တွေမှာ ချေးငွေရကြောင်း ကြော်ငြာတွေ ပေါ်လာတာဖြစ်ပြီး ဒီကြော်ငြာတွေကို နှိပ်မိပါက App ကို အလိုအလျောက် ဒေါင်းလုတ်နည်းပညာစနစ်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

App ထဲမှာ တောင်းသမျှ မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို Allowed ပြုလုပ်မိပါက မိမိတို့ဖုန်းထဲမှာရှိတဲ့ location, photos, contact, phone call, message တွေကို App က အလိုအလျောက် အသုံးပြုခွင့်ရရှိ​သွားတာ ဖြစ်ပါတယ်။ 

Application မှ တောင်းတဲ့ ချေးငွေဆိုင်ရာ အချက်အလက်တွေဖြည့်ပြီး ချေးငွေ ရယူမယ့်စာသားကိုနှိပ်မိပါက cancel ဆိုတဲ့ စာသား ပေါ်မလာဘဲ မိမိတို့ စာရင်းသွင်းထားတဲ့ Wave Money အကောင့်ကို ငွေလွှဲဝင်လာတာမျိုးဖြစ်ပါတယ်။ 

တချို့အလိမ်ခံရသူတွေမှာလည်း ငွေလွှဲအမှန်တကယ်မဝင်ဘဲ ငွေချေးထားကြောင်း ငွေလက်ခံ ရရှိမှု SMS တွေသာ ဖုန်း message  အပို့ခံရတာဖြစ်တယ်လို့ အမျိုးသမီးတဦးက ပြောပါတယ်။ 

“အမှန်တကယ် ငွေက မရဘဲ ချေးငွေပြန် တောင်းခံရသူတွေရှိတယ်၊ သူတို့ချေးပေးတဲ့ ပိုက်ဆံကို မလိုချင်လို့ ပြန်ပေးလို့လည်းမရဘူး၊ တကြိမ်ငွေချေးရင် ချေးငွေပမာဏအနေနဲ့ ၅၅၀၀၀ ကျပ်ယူပါက ၃၅၇၅၀ ကျပ် သာ လက်ခံရရှိပြီး ကျန်ပမာဏမှာ ဝန်ဆောင်ခ အနေနဲ့ နှုတ်ယူထားတာ၊ သတ်မှတ်ရက် ၆ ရက် သို့ ၇ ရက်မြောက် နေ့ရောက်တာနဲ့ ဖုန်းဆက်ပြီး ၅၅၀၀၀ ကျပ် ပြန်ဆပ် ဖို့တောင်းတာ”  

ချေးငွေ ဆော့ဝဲတွေမှာ ငွေချေးယူထားသူတွေ ပြန်မဆပ်ပါက ဆဲဆိုကြိမ်းမောင်းမှုတွေပြုလုပ်ပြီး Application မှာ အကောင့်ဖွင့်ခဲ့စဉ် ပေးခဲ့လိုက်ရတဲ့ မိမိဖုန်း Contact ထဲကမိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေကို ဆက်ကာ ပိုက်ဆံတောင်းတာမျိုးကို လုပ်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ချေးငွေ Application မှာ မှတ်ပုံတင်နဲ့တကွ ‌ချေးငွေ အချက်အလက်ဖြည့်ခဲ့စဉ်က မိမိ selfie ပုံတွေကို ယူကာ မိမိနေထိုင်ရာမြို့နယ်နှင့်သက်ဆိုင်‌သော Group တွေမှာ အကောင့်အတုတွေနဲ့လိုက်လံ ပို့စ်တင်တာမျိုး ဆက်တိုက်လုပ်တာလို့ ကိုယ်တိုင်ကြုံရသူအမျိုးသားတဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရှု့ထောင့်ပေါင်းစုံကနေ ငွေးကြေးလိမ်လည် မှုတွေ၊ အုပ်စုဖွဲ့လုယက်မှုတွေ၊ ခါးပိုက်နှိုက်မှုတွေ အရင်ကထက်ပိုမိုပေါများလာတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အွန်လိုင်းမှာ အစိုးရဆန့်ကျင်သူတွေကိုသာ ဖမ်းဆီးပြီး အကြမ်းဖက်မှုပုဒ်မတွေနဲ့ တရားစွဲထောင်ချနေတာဖြစ်ပြီး အွန်လိုင်းကနေ လိမ်လည်နေတဲ့ ဒုစရိုက်မှုတွေကို အရေးယူတာ အနည်းအကျဉ်းပဲ ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013