
အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ကိုင်ဟာဗက်ဇ်ရဲ့ တလုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ ဘန်လေ အသင်းကို (၁-၀) ဂိုးနဲ့ ခက်ခက်ခဲခဲအနိုင်ယူပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ အလွန်နီးစပ်သွားပါပြီ။
မနေ့ည ပွဲစဉ်မှာတော့ ပထမပိုင်း ၃၆ မိနစ်မှာ ဆာကာရဲ့ ထောင့်ကန်ဘောကတဆင့် ဟာဗက်ဇ်က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ မန်စီးတီးအသင်းက ဘုန်းမောက်ကွင်းမှာ အမှတ်လျော့ခဲ့ရင် အာဆင်နယ်အသင်းဟာ မနက်ဖြန်မှာတင် ချန်ပီယံအဖြစ် စောစီးစွာ အောင်ပွဲခံခွင့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ လာမဲ့ တနင်္ဂနွေနေ့ ရာသီပိတ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ ထပ်မံအနိုင်ရရှိခဲ့ရင်လည်း သေချာပေါက် ချန်ပီယံဖြစ်လာမှာပါ။
Photo:Reuters










