DVB Logo
Home
Lead Story
၂၀၁၁ အထိ အရာထမ်း အလုပ်လျှောက်သူ ၆ ရာခိုင်နှုန်းသာ အလုပ်ခန့်နိုင်
DVB
·
June 18, 2014
၂၀၁၁ အထိ အရာထမ်း အလုပ်လျှောက်သူ ၆ ရာခိုင်နှုန်းသာ အလုပ်ခန့်နိုင်
Donate to DVB

စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၂၃ နှစ်တာကာလ ၁၉၈၈က ၂၀၁၁ ခုနှစ်အထိ ၀န်ကြီးဌာနနဲ့ အဖွဲ့အစည်းအသီးသီးအတွက် အရာထမ်းအလုပ်နေရာ ၂၃၀၀၀ ကျော် ခေါ်ယူခဲ့ရာမှာ လျှောက်ထားသူတွေရဲ့ ၆ ရာခိုင်နှုန်းကျော်ကိုပဲ ခန့်ထားနိုင်ခဲ့တယ်လို့ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

national parlimentအရာထမ်းရာထူးအတွက် လာရောက်လျှောက်ထားသူ ၃ သိန်းကျော်ရှိခဲ့ပြီး အဲဒီအထဲကမှ ၂ သောင်းလောက်ကိုပဲ ခန့်ထားနိုင်ခဲ့ပြီး ၂ သိန်း ၈ သောင်းလောက်ကိုတော့ မခန့်နိုင်ခဲ့ဘူးလို့ ဆိုလိုတာပါ။

ဇွန် ၁၇ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ချင်းပြည်နယ် အမှတ် ၄ မဲဆန္ဒနယ်က ရွေးကောက်ခံ အမျိုးသားလွှတ်တော်အမတ် ဦးစတီဗင်သာဘိတ်က ၀န်ထမ်းရေးရာ ခန့်ထားမှုနဲ့ ပတ်သက်ပြီး မေးတာကို ရာထူးဝန် ဥက္ကဋ္ဌ က ခုလို ဖြေကြားတာ ဖြစ်ပါတယ်။

အရင်ကနဲ့ လက်ရှိအချိန်ထိပါ ၀န်ကြီးဌာနတွေမှာ အရာရှိရာထူး ခန့်အပ်ရာမှာ အရပ်ဘက်က လာသူတွေထက် စစ်တပ်က လာတဲ့ မိုးကျရွှေကိုယ်တွေ များနေတာကိုလည်း လွှတ်တော်အတွင်း ဝေဖန်ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013