DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ မြို့လယ်လမ်းဆုံတွင် ပင်မသပိတ်က လက်သုံးချောင်းအလံချိတ်ဆွဲ
DVB
·
April 8, 2023
ကလေးမြို့ မြို့လယ်လမ်းဆုံတွင် ပင်မသပိတ်က လက်သုံးချောင်းအလံချိတ်ဆွဲ
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့၊ ဗိုလ်ချုပ်လမ်းဆုံမှာ ကလေးပင်မသပိတ်အင်အားစုက ပြည်သူတွေ သွေး‌မအေးသေးကြောင်း ပြသတဲ့အနေနဲ့ အလံဖြူမှာ လက်သုံးချောင်းရေးဆွဲပြီး အလံ ထောင်ထားခဲ့ကာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ ပင်မသပိတ်အဖွဲ့ဝင်တွေက ပြောပါတယ်။

PDF တပ်ဖွဲ့ဝင်တွေက အပြစ်မဲ့ ပြည်သူများအား ထိခိုက် သေကျေစေဖို့ ရည်ရွယ်ပြီး အနီရောင် လက် ၃ ချောင်း ထောင်ထားတဲ့ပုံပါ အဖြူရောင်ပိတ်စတခုကို လက်လုပ်မိုင်း ၁ လုံးနဲ့ တွဲလျက်ချထားတာကြောင့် လက်လုပ်မိုင်းကို ဖောက်ခွဲရှင်းလင်းခဲ့ရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၇ ရက် မနေ့က မြို့လယ်ခေါင်လမ်းဆုံမှာ ပင်မသပိတ်အဖွဲ့ဝင်တွေက အလံထောင်ထားခဲ့ တာဖြစ်ပြီး အဲ့ဒီအလံထောင်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်အင်အားအများအပြားက မြို့လယ်လမ်းဆုံကို ကြိုးတားပိတ်ပစ်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးပင်မသပိတ်အဖွဲ့ဝင်အမျိုးသမီးတစ်ဦးကတော့ မိမိတို့ သပိတ်အဖွဲ့ဝင်တွေအနေနဲ့ လက်နက်ကိုင်ဆောင်ခြင်း မရှိကြောင်း၊ အလံဖြူထောင်တဲ့ နေရာမှာလည်း မိုင်းထောင်ခဲ့ခြင်း မရှိကြောင်းနဲ့ ပြည်သူတွေသွေးမအေးသေးကြောင်း ပြသတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

မြို့လယ်လမ်းဆုံကို ပိတ်ပစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်သား‌တွေက အလံဖြုကို မိုင်းခွဲ ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာ လမ်းဆုံကို ပြန်လည်သွားလာခွင့်ပေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013