DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းနှင့်မတ္တရာမြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
DVB
·
April 8, 2023
စစ်ကိုင်းနှင့်မတ္တရာမြို့နယ်တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်နဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်အဆက်က ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကို ဧပြီ ၈ ရက်နေ့ မနက် ၈ နာရီကစပြီး စစ်တပ်က လေကြောင်းကနေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Mi35 အမျိုးအစာနဲ့ Mi17အမျိုးစာလေယာဉ်တွေနဲ့    မုံရွာနမခကနေ လာရောက် ပစ်ခတ်နေတာ လို့လည်း ဒေသခံပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

စစ်ကိုင်းဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက “မနက်ခင်း ၈ နာရီလောက်ကတည်းက ဧရာဝတီ မြစ်ဘေးက မတ္တရာမြို့နယ် အိုင့်ဒိုင်ရွာနဲ့ စစ်ကိုင်းမြို့နယ် အုပ်ဖိုရွာတွေကို MI35  တကောင်ပတ်ဝဲ ပစ်ခတ်ခဲ့တယ်။ MI17  နှစ်ကောင်က မြေပြင်ကို စစ်သား ၄၀ ဝန်းကျင်ခန့် ချသွားခဲ့တယ်။ အဲဒီလို ‌လေ‌ယာဉ်ပေါ်က‌ နေပစ်ခတ်လို့ ဒေသခံတဦး ကျည်ထိ မှန်သေဆုံးထားတယ်။ လတ်တလောတော့ အခြေအနေတွေ ရှုပ်ထွေးနေလို့ အထိခိုက် အကျဆုံး အတိအကျ မပြောနိုင်သေးဘူး။ ထိခိုက်သူ ဒီထက်များနိုင်တယ်" လို့ ပြောပါတယ်။

စစ်ကြောင်းကတော့ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ  စစ်ကိုင်းမြို့နယ် တလိုင်းရွာ ဆေးခန်းကို MI35 နဲ့ ဒုတိယကြိမ် ထပ်မံပစ်ခတ်ခဲ့ပြီး MI17 နဲ့စစ်သား ၂၀ လောက်ချခဲ့ကြောင်း၊ ဒီနောက် ပြည်သူ ကာကွယ်ရေးအဖွဲ့နဲ့ ပစ်ခတ်မှု‌ဖြစ်ပွားပြီး တလိုင်းဆေးခန်းအားစစ်ကောင်စီက မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုတိုးက "အခြေအနေတွေက  ရှုပ်ထွေး နေတယ်။ မနက် ၁၁ နာရီခွဲခန့်ရောက်တော့ မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွံဖလပ်မော်တော်တစီးနဲ့ စပိဘုတ်တစီး ဆန်တက်လာ‌နေတယ်။ အခုလက်တလော မတ္တရာမြို့နယ် သုံးဆယ်မှာရောက်ရှိနေတယ်။ စစ်သားအင်အား ၄၀ လောက်ပါတယ်လို့လည်း ဖရဲသီးစီကနေ သတင်းရထားတယ်" လို့ ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးနေတာကြောင့် အိုင့်ဒိုင်ရွာ၊ မယ်ဇလီချောင်းရွာ၊ ချောင်းဦးရွာ၊ အုပ်ဖိုရွာ၊ စဥ့်ကိုင်ရွာ၊ တလိုင်းကျေးရွာက ပြည်သူသောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ စစ်ကိုင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်ကို စစ်ကြောင်းအင်အားအလုံးအရင်းနဲ့ ထိုးနိုင်ဖို့ နမခစစ်ဌာနချုပ်ကနေ ရွှေဘိုလေ့ကျင့်ရေးကျောင်း အမှတ် ၈ ကနေ စစ်သားတွေ တင်ဆောင်ပြီး အခုလို စစ်ကြောင်းထိုးနေတာလို့လည်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးခေါင်ဆောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013