DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ထဲက BGF စခန်း ၅ ခုကို KNLA ပူး‌ပေါင်းတပ်များ သိမ်းပိုက်
DVB
·
April 7, 2023
ကရင်ပြည်နယ်ထဲက BGF စခန်း ၅ ခုကို KNLA ပူး‌ပေါင်းတပ်များ သိမ်းပိုက်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၅ ခုကို KNLA ပူးပေါင်းစစ်ကြောင်းက သိမ်းပိုက်ထားနိုင်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းက‌နေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ Lion Battalion စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်နဲ့ BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်နားမှာ   မတ်လ ၂၅ ရက်ကစတင်ပြီး KNLA နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိ စခန်း ၅ ခု သိမ်းပိုက်နိုင်ခဲ့ပြီး ဆက်လက်ထိုးဖောက် ဝင်ရောက်ဖို့တွေလည်း ရှိသလို စစ်ကောင်စီဘက်က လက်နက်မျိုးစုံ ၇၅ လက် သိမ်းဆည်းရမိခဲ့ကာ BGF အဖွဲ့တွေဘက်ကတော့ သေဆုံးသူ ၈၅ ယောက်ကျော်လောက်ရှိနေပြီလို့ Lion Battalion စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုအညာသားက ‌ဒီဗွီဘီကို ပြောပါတယ်။

သိမ်းပိုက်ခဲ့တဲ့ စခန်းနာမည်တွေကိုတော့ လုံခြုံရေးအခြေအ‌နေအရ ထုတ်ဖော်ပြောဆိုတာမျိုး မရှိဘဲ လက်ရှိ စစ်ကောင်စီဘက်က စခန်းသိမ်းခံရတဲ့အတွက် လူစုလူဝေးမြင်တာနဲ့ စစ်ဘေးရှောင်လား၊ တော်လှန်ရေးတပ်ဖွဲ့တွေလား မခွဲတော့ဘဲ လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဧပြီ ၇ ရက်ကနေ ၂၁ ရက်နေ့အထိ အသုံးမပြုဖို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

အခုလို ထုတ်ပြန်လိုက်ရတာဟာ စစ်ကောင်စီဘက်က ခရီးသွားပြည်သူတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်တာမျိုး၊ အကာအကွယ်ယူတာမျိုး ရှိနေတဲ့အတွက် ပြည်သူလူထု မထိခိုက်အောင် အခုလို ထုတ်ပြန်လိုက်ရတာဖြစ်တယ်လို့ Lion Battalion စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက တိုက်ပွဲတွေဖြစ်ပွားနေရင်းနဲ့ မသက်ဆိုင်တဲ့ ကျေးရွာ လူနေအိမ်ခြေတွေကို လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေရှိနေကာ ဒေသခံပြည်သူ ၇,၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းမှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဂဠုန်စစ်ကြောင်း တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း မထုတ်ပြန်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013