DVB Logo
Home
မြန်မာသတင်း
တပြည်လုံး အပစ်ရပ်ရေးကိစ္စ ကေအန်ယူနှင့် ရှမ်းပြည်တပ်မတော် ဆွေးနွေး
DVB
·
June 18, 2014
တပြည်လုံး အပစ်ရပ်ရေးကိစ္စ ကေအန်ယူနှင့် ရှမ်းပြည်တပ်မတော် ဆွေးနွေး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) တို့ တွေ့ဆုံပြီး တပြည်လုံး အပစ်ခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

Sai Hla 3ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနဲ့ ခေါင်းဆောင်တွေဟာ ရှမ်းပြည်တပ်မတော်နဲ့ ဇွန် ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာအင်စတီကျူးမှာ တွေ့ဆုံဆွေး နွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးမှာ ကေအန်ယူအနေနဲ့ လက်ရှိ အစိုးရနဲ့ တိုင်းရင်းသားတွေအကြား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံးအခြေအနေကို ရှင်းပြခဲ့တယ်လို့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေက ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးတည်ဆေက်ရေး ဖော်ဆောင်တဲ့ နေရာမှာ အချိန်အကန့်အသတ်ရှိလာတယ်လို့ ခံစားရကြောင်းနဲ့ ဒီ ၂၀၁၄ ခုနှစ်အတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ လိုအပ်တယ်လို့ မြင်ကြောင်း နှစ်ဦးနှစ်ဖက် အမြင်ခြင်း တူညီတယ်လို့လည်း ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ အဖွဲ့ဝင် ၄ ဦး၊ ရှမ်းပြည်တပ်မတော်ဘက်က ဥက္ကဋ္ဌ ရွက်စစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးပါဝင် ဆွေးနွေးခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ဟာ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)ရဲ့ လိုင်ဇာ ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်သားလက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေရဲ့ ကွန်ဖရင့်ကို တက်ရောက်ပေမယ့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို လက်မှတ်မထိုးခဲ့ပါဘူး။

ဒါ့အပြင် အာစီအက်စ်အက်စ်/အက်စ်အက်စ်အေအနေနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အမြန်ဆုံးလုပ်ဆောင်နိုင်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်နိုင်ရေး ဒီရက်ပိုင်းတွေမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ကော်မတီနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013