DVB Logo
Home
မြန်မာသတင်း
ယူနတီဂျာနယ်အမှု နောက်ဆုံးတရားခံပြသက်သေ ထွက်ဆိုချက်ပေး
DVB
·
June 17, 2014
ယူနတီဂျာနယ်အမှု နောက်ဆုံးတရားခံပြသက်သေ ထွက်ဆိုချက်ပေး
Donate to DVB

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေတယ်လို့ တရားစွဲဆိုခံထားရတဲ့ ယူနတီ ဂျာနယ် အမှုအတွက် နောက်ဆုံး တရားခံပြသက်သေတွေက ပခုက္ကူခရိုင် တရားရုံးမှာ ဒီနေ့ ထွက်ဆိုလိုက်ပါတယ်။

[caption id="attachment_53370" align="alignright" width="300"]ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ -  Robert San Aung's) ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ - Robert San Aung's)[/caption]

တရားခံတွေအဖြစ် စွပ်စွဲခံထားရတဲ့ သတင်းသမားတွေ ဘက်က သက်သေအဖြစ် မြန် မာနိုင်ငံ သတင်းစာဆရာအသင်း နာယက  သတင်းစာဆရာကြီး  ဖိုးသောကြာနဲ့ အလဲဗင်း မီဒီယာ ဂရုပ်က ဒေါက်တာ သန်းထွဋ်အောင်တို့က ထွက်ဆိုချက်ပေး ခဲ့တာပါ။

ဒီလို ပွင့်ပွင့်လင်းလင်းရေးတိုင်း အရေးယူနေမယ်ဆိုရင် သတင်းလွတ်လပ်ခွင့်ကို ထိပါးတာဖြစ်ကြောင်း ဆရာကြီး ဖိုးသောကြာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် ယူနတီ သတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့တဲ့အတွက် သတင်းသမားတွေ အခုလို ဖမ်းဆီး ထိန်းသိမ်းခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံ သတင်းထောက်တွေကို ပခုက္ကူ အကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး တချို့က ကျန်းမာရေးမကောင်းဘူးလို့ သတင်းထောက် ကိုရာဇာဦးရဲ့ အမျိုးသမီး မသိင်္ဂီထွန်းက ပြောပါတယ်။

အခုဆိုရင် အမှုစစ်ဆေးနေတာ ရုံးချိန်း ၁၀ ခုလောက်ရှိပြီး လာမယ့် ဇွန် ၃၀ ရက်မှာတော့ နှစ်ဖက် ထွက်ဆိုချက်တွေ ပေးရမယ်လို့ တရားခံရှေ့နေ ရောဘတ်စန်းအောင်က ပြောပါတယ်။ ပြီးရင်တော့ အမိန့်ချဖို့ပဲရှိတော့တယ်လို့ သူက ဆိုပါတယ်။

လက်ရှိစွပ်စွဲထားတဲ့ ပုဒ်မဟာ အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ချနိုင်တယ်လို့လည်း တရားခံရှေ့နေ ရောဘတ်စန်းအောင်က ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013