DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံတွင် ငွေတောင်းနေသည့် စစ်သားနှင့် ရဲများ တိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ
DVB
·
April 6, 2023
မင်္ဂလာဒုံတွင် ငွေတောင်းနေသည့် စစ်သားနှင့် ရဲများ တိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဘိုခြံမှတ်တိုင်အနီးမှာ စစ်ကောင်စီ အိမ်စီးကား Honda Fit အမျိုးအစားနဲ့ လာရောက်ဂိတ်ချနေပြီး ပြည်သူတွေထံက အဓမ္မငွေတောင်းခံနေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲ၊ ယာဉ်ထိန်းရဲ ပူးပေါင်းဂိတ်ကို God's Hand Force တပ်ဖွဲ့က ဧပြီ ၆ ရက် မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့မနက် ၉ နာရီ ၂၅ မိနစ်လောက်မှာ မင်္ဂလာဒုံ ဘိုခြံမှတ်တိုင်အနီး လူနေအိမ်ခြေ ကျဲပါးတဲ့နေရာမှာ လမ်းသွားလမ်းလာ လုံခြုံရေးလို့ အကြောင်းပြပြီး ဓားပြဆန်ဆန် တောင်းခံနေတဲ့ စစ်​ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သားတယောက် မှောက်ရက်လဲကျခဲ့တယ်လို့ GHF တာဝန်ခံ ဆရာကျောင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲ့နေရာက လူနေအိမ်ခြေ နည်းတာကြောင့် ပြည်သူတွေကို မထိခိုက်ဖို့ ထွေထွေထူးထူး မပြင်ဆင်လိုက်ရဘူး။ ဒီကောင်တွေ ဓားပြလိုမျိုး ပိုက်ဆံတောင်းပြီး ရစ်နေတဲ့ဂိတ်ပါ။ အိမ်စီးကားနဲ့ မနက်လာတယ်၊ ညနေပြန်တယ်၊ အဲ့ပုံစံမျိုး။ စစ်သားတယောက်ကတော့ နေရာမှာ မှောက်ရက်ပဲ၊ နောက်ဆက်တွဲ မသိရသေးဘူး။”

တိုက်ခိုက်မှုအပြီးမှာ God's Hand Force တပ်ဖွဲ့ဝင်တွေ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကာ အခုစစ်ဆင်ရေးက Yangon UG Association (YUA) ရဲ့ အသက်လျော်ကြေး စစ်ဆင်ရေးရဲ့ တစိတ်တဒေသဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကျင်းပတဲ့  ပွဲတွေ၊ အခမ်းအနားတွေမှာ မပါဝင်ကြဖို့နဲ့ စစ်ကောင်စီနဲ့ ပတ်သက်ရာ ဌာနတွေနဲ့ ဝေးဝေးနေကြဖို့ မေတ္တာရပ်ခံထားကာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း မင်္ဂလာဒုံကားဝင်းနားက စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကာ ရဲနှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013