DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကကျောင်းများမှ အစိုးရကျောင်း ပြောင်းတက်လိုလျှင် အရည်အချင်းစစ်စာမေးပွဲ ဖြေရမည်
DVB
·
April 5, 2023
ပုဂ္ဂလိကကျောင်းများမှ အစိုးရကျောင်း ပြောင်းတက်လိုလျှင် အရည်အချင်းစစ်စာမေးပွဲ ဖြေရမည်
Donate to DVB

နိုင်ငံတကာသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့ ကျောင်းတွေနဲ့ ပြည်တွင်းပုဂ္ဂလိက အခြေခံပညာကျောင်းတွေကနေ အခြေခံပညာကျောင်းတွေကို တက်ရောက်လိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် အရည်အချင်းစစ်စာမေးပွဲကို လာမယ့်မေလမှာ ကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနကနေ သိရပါတယ်။

နိုင်ငံတကာကျောင်း၊ ပြည်တွင်း ပုဂ္ဂလိကကျောင်းတွေကနေ အခြေခံပညာကျောင်းတွေကို တက်ရောက်လိုသူတွေအနေနဲ့ တက်ရောက်သင်ကြားလိုတဲ့ တဆင့်နိမ့်အတန်းကို အရည်အချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုရမှာဖြစ်ပြီး အခုလ ၇ ရက်နေ့ နောက်ဆုံးထားကာ လျှောက်လွှာတင်သွင်းရမယ်လို့ ပညာရေးဌာနက ဆိုပါတယ်။

အဆိုပါ အရည်အချင်းစစ်စာမေးပွဲကို လျှောက်ထားလိုသူတွေအနေနဲ့ ပညာရေးဌာနက အတန်းအလိုက် သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း ဘာသာရပ်တွေကို ဖြေဆိုရမှာဖြစ်ပြီးတော့ ဖြေဆိုလိုတဲ့အတန်းနဲ့ မွေးသက္ကရာဇ် ကိုက်ညီမှုရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုဖို့ လျှောက်ထားသူတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ အစီအစဉ်နဲ့ ခရိုင်ရုံးစိုက်ရာမြို့တွေမှာ မေ ၂ ရက်ကနေ ၈ ရက်အထိ ဖြေဆိုဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင်က အဲဒီလို ပုဂ္ဂလိကကျောင်းတွေကနေ အစိုးရကျောင်းတွေကို ပြောင်းလဲ တက်ရောက်လိုသူတွေဟာ ရန်ကုန်တိုင်းမှာ တနှစ်ကို ရာဂဏန်းလောက်ရှိပေမဲ့ အခုနှစ်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လောက်ရှိမယ် ဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013