DVB Logo
Home
မြန်မာသတင်း
ဗကသရဲဘော် ကိုထက်အောင်ထွန်းနှင့် ဇနီးဖြစ်သူတို့ကို စစ်ကောင်စီက ထောင်ဒဏ်များချမှတ်
DVB
·
April 5, 2023
ဗကသရဲဘော် ကိုထက်အောင်ထွန်းနှင့် ဇနီးဖြစ်သူတို့ကို စစ်ကောင်စီက ထောင်ဒဏ်များချမှတ်
Donate to DVB

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ကျောင်းသားထုအခွင့်အရေး တာဝန်ခံဖြစ်တဲ့  ဗကသရဲဘော် ကိုထက်အောင်ထွန်းကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ် မတရားအမိန့်ချမှတ်လိုက်တယ်လို့ ဗကသ အဖွဲ့က ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုထက်အောင်ထွန်းကို မုံရွာမြို့နယ်တရားရုံးက မတရားစွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ  ၅၀၅(က)၊ ၅၀(ည) ပုဒ်မ တို့နဲ့  မတ် ၂၉ ရက်က  ထောင်ဒဏ် ၁၁ နှစ် အမိန့်ချလိုက်သလို  ကိုထက်အောင်ထွန်းရဲ့ဇနီး  မခိုင်ဇာလင်းကိုလည်း  ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်တယ်လို့ ဆိုပါတယ်။

ဗကသရဲဘော် ကိုထက်အောင်ထွန်းနဲ့ ဇနီးဖြစ်သူ မခိုင်ဇာလင်းတို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က  အရာတော်-မုံရွာလမ်းမမှာ စစ်တပ်ရဲ့ အကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိ မုံရွာအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတယ်လို့ ဗကသ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013