DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းမြေများ ပြန်ရရေး မြစ်သားမြို့နယ်ဒေသခံများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
DVB
·
June 17, 2014
တပ်သိမ်းမြေများ ပြန်ရရေး မြစ်သားမြို့နယ်ဒေသခံများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
1 / 4
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်က လွန်ကျော်ရွာ၊ ပေတောရွာ၊ ထားဝယ်အင်း စတဲ့ ရွာ ၆ ရွာက တောင်သူတွေဟာ ဓားမဦးချမြေတွေ ပြန်ရဖို့အတွက် ဒီနေ့ စတင်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေကြပါတယ်။

4f06bdd820d3fba-V copy image-8a7f2781ccee82e-V copy image-8722bf1a97576e01-V copy image-e6d88fc5904f1ed-V copyဒီမြေတွေကို ၁၉၇၆ ခုနှစ်လောက်က စသိမ်းခဲ့တာဖြစ်ပြီး ဌာနတွေပြောင်းလဲရာ ကနေ နောက်ဆုံး တပ်ပိုင်မြေအဖြစ် သိမ်းထား တယ်လို့ တောင်သူတွေ က ပြောပါတယ်။

အခုတော့ ဒီမြေမှာ စိုက်ပျိုးနေတဲ့တောင် သူတွေဟာ လွန်ကျော် ၀ါစိုက်ပျိုးရေး အမှတ် ၃ တပ်ကို ၀ါ ၁ ဧက ၀ါ ၁၅ ပိဿာပေးရပြီး တခြားသီးနှံစိုက် မယ်ဆိုရင်လည်း သတ်မှတ်တဲ့ သီးစားခတွေ ပေးနေ ရတယ်လို့ ပြည်လုံးအံ့ရွာ က တောင်သူ ဦးဝင်းနိုင်ဦး က ပြောပါတယ်။

သိမ်းယူပြီး ဘာမှမလုပ် လို့ တောရိုင်းဖြစ် သွားတဲ့ မြေတွေ ကို ပြန်ပေးမယ် ဆိုပြီး တောင်သူတွေကို ခုတ်ထွင်ခိုင်းခဲ့သေး တယ်လို့လည်း ဦးဝင်းနိုင်ဦး က ပြောပါတယ်။

နောက်ပိုင်းမှာလည်း ဒီမြေတွေ ကို ပြန်ပေးမယ် လို့ ပြောဆိုခဲ့ရှိပေမယ့် အခုအချိန်ထိ မရပါဘူးလို့ ထားဝယ်အင်းရွာက  တောင် သူ ဒေါ်ခင်တင့် က ပြောပါတယ်။

သက်ဆိုင်ရာကို အကြောင်းကြားပြီး လုပ်တဲ့ ဒီထွန်တုံးတိုက်ပွဲကို မြစ်သားမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေ လာရောက်လုံခြုံရေးပေးနေတယ်လို့ ဦးဝင်းနိုင်ဦးက ပြောပါတယ်။

လုံခြုံရေးတာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်နဲ့ လာတာဖြစ်လို့ မဖြေကြားနိုင်ပါဘူးလို့ ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013