
မုတ်သုံဝင်ခဲ့ပေမယ့် မိုးရွာသွန်းတာက ပုံမှန် မဟုတ်တဲ့အတွက် စပါးစိုက်တောင်သူတွေ မိုးရေမရဘဲ စိုက်ပျိုးဖို့ အခက်တွေ့နေပါတယ်။
[caption id="attachment_58672" align="alignright" width="300"]
အမရပူရမှ လယ်ကွင်းများ (ဓာတ်ပုံ- ရဲလင်းအောင်)[/caption]
မန္တလေးတိုင်း အမရပူရမြို့နယ်ထဲမှာ စပါးနှံထွက်ချိန် ဆည်ရေ မရလို့ စပါးခင်းတွေ ပျက်စီးနိုင်တယ် လို့ ဒေါင်းရွေးကျေးရွာခံ ဦးခင်မောင်အေး က ပြောပါတယ်။ ဆည်က ရေကို လွှတ်ပေ မယ့် ရေမရောက်ဘူးလို့ ဆိုပါတယ်။
“ဒီနှစ်က ၂ လလောက် ရှိသွားပြီ။ ကျနော်တို့ဆီမှာ မိုးမရွာဘူး။ အခုက ရေစုပ်စက်တွေနဲ့လည်း တင်ပေမယ့် ရေက မရှိဘူး။ လွှဲချောင်းတွေမှာလည်း ရေက မရှိဘူး။”
ပုံမှန်ဆိုရင် မိုးရွာသွန်းမှု များလေ့ရှိတဲ့ မြန်မာနိုင် ငံအောက်ပိုင်း မြန်အောင်မြို့မှာလည်း မိုးရေမရလို့ တောင်သူတွေ အခက်တွေ့နေကြတယ် လို့ မြန်အောင်မြို့နယ် တာဂွတဲ့ကြီးကုန်းကျေးရွာက လယ်သမားကြီး ဦးအောင်ဝင်းက ပြောပါတယ်။
“မနှစ်က ရာသီဥတု အခြေအနေကောင်းတော့ အောက်က ရေ လုံးဝမသုံးရဘူး။ ဒီနှစ်ကျတော့ အကုန်လုံး ရေသုံးနေရတယ်။ အခု ၅ ဧကအတွက်ဆို ၃ ရက်ရှိပြီ။ ပျိုးရဖို့ကို သုံးနေရတယ်။ ၀ါဆိုလဆန်း ၅ ရက်လောက်မှပဲ စိုက်ဖြစ်လိမ့်မယ်။ ဆီတနေ့ကို ၁ ပုံး၊ အခုဆိုရင် ၄ ပုံးလောက်ဖြစ်နေပြီ။ ၁ ပုံးကို ၂ သောင်း၊ ၄ ပုံးဆို ၈ သောင်း။ နှစ်စဉ်နှစ်တိုင်းဆို ဘာမှမကုန်ဘဲနဲ့ အေးရာအေးကြောင်း လုပ်လို့ရတယ်။”
လယ်သမားတွေ အ ခက်တွေ့နေပေမယ့် ဆည်ရေမ ပေး နိုင် ဘူးလို့ မြန်အောင် ဆည်မြောင်းဦးစီးဌာနရဲ့ ဦးစီးမှူး ဦးလှမြင့်အောင်က အခုလို ရှင်းပြပါတယ်။
“မြန်မာနိုင်ငံအထက်ပိုင်း မိုးနည်းတဲ့ဒေသတွေမှာ တနှစ်ပတ်လုံးမှ မိုးရေချိန် လက်မှ ၃၀၊ ၄၀ လောက် ရွာတဲ့ အရပ်ဒေသတွေမှာဆိုရင် နွေးစပါးအတွက်ရယ်၊ နောက် မိုးစပါးစိုက်ဖို့အတွက် စီမံကိန်းတွေမှာ စပြီးတော့ ရေးဆွဲပြီး ဆည်တွေ တည်ဆောက်ကျတယ်။ အဲဒါကြောင့် အထက်ပိုင်းဒေသတွေမှာတော့
မိုးစပါးအ တွက် ရေ ပေး တယ်။ နောက် နွေစပါး အတွက် လည်း ရေပေး တယ်။ မြန် မာပြည်ရဲ့ အောက်ပိုင်း ဧရာဝတီ တိုင်း မြန်အောင်မြို့ နယ်မှာ ကျတော့ နှစ်စဉ်မိုးရေချိန် လက်မ ၈၀ နဲ့အထက် ရွာသွန်း တဲ့ ဒေသတွေဖြစ် တဲ့အတွက် မိုးစပါးအတွက် ဆည်ရေးသွင်းပြီး စိုက်ပျိုးဖို့ မူလစီမံ ကိန်း ရေး ဆွဲစဉ်အခါကလည်း မပါခဲ့ပါဘူး။ ”
မိုးလေ၀သနဲ့ ဇလဗေဒက ဦးစီးအရာရှိ ဒေါက်တာသန်းနိုင်က ဒီနှစ်ဟာ အယ်လ်နီညိုရာသီဥတု ဖြစ်တယ်လို့ ပြောပါတယ်။
မှတ်တမ်းတွေအရတော့ မြန်မာနိုင်ငံကို မုတ်သုံဝင်တာ နောက်ကျလာပြီး ပြန်ထွက်တာလည်း စောလာတယ်လို့လည်း ဒေါက်တာသန်းနိုင်က ပြောပါတယ်။
အသံဖိုင်နားဆင်ရန်










