DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆူပူမှုလုပ်ရင် ကျောင်းထုတ်မယ်ဆိုတာ ၄၃၆ ပြင်ရေး တားဆီးခြင်းဖြစ်ဟုဆို
DVB
·
June 17, 2014
နိုင်ငံရေးဆူပူမှုလုပ်ရင် ကျောင်းထုတ်မယ်ဆိုတာ ၄၃၆ ပြင်ရေး တားဆီးခြင်းဖြစ်ဟုဆို
Donate to DVB

တက္ကသိုလ်ကျောင်းသားတွေ နိုင်ငံရေးဆူပူ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ရင် ကျောင်းထုတ်မယ်လို့ ဆိုတာဟာ ၄၃၆ ပြင်ဆင်ရေးကို သွယ်ဝိုက်တဲ့နည်းနဲ့ တားဆီးတာလို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။

y2 copyသိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေ က ကျောင်းသူကျောင်း သားတွေကို စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာပြစ်မှုတွေအဖြစ် ဇွန် ၉ ရက်နေ့က နို့တစ်စာ ကပ်ရာမှာ နိုင်ငံရေး ဆူပူမှုဆိုင်ရာ ပြစ်မှုတွေကိုလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

နိုင်ငံရေးဆူပူမှုဆိုင်ရာပြစ်မှုတွေ ကျူးလွန်ရင် ကျောင်းမှ ထုတ်ပယ်မှာ ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ပြင်းထန်စွာသတိပေးမယ်လို့လည်း ပါရှိပါတယ်။

ထုတ်ပြန်ထားတဲ့ ကြေညာချက်ဟာ ယေဘုယျ သဘောဆန်တဲ့အပြင် ကျောင်းသားတွေ နိုင်ငံရေးလှုပ်ရှားမှု လုပ်တဲ့အခါ လိုသလိုဆွဲသွင်း အရေးယူလို့ ရနေတာလည်း ဖြစ်ပါတယ်။

ဒီလို ဥပဒေကို ကျောင်းသားတွေအတွက် ထုတ်ထားတာဟာ ၄၃၆ ပြင်ဆင်ရေးကို သွယ်ဝိုက်တဲ့နည်းနဲ့ တားဆီးနေတာ ဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးသိန်းသန်းဦးက ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဥာဏ်လင်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးတာတွေကို မလုပ်ရဲအောင် တားဆီးနေတာလို့ ဆိုပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူပြည်သားအားလုံးပါဝင်တဲ့ လက်မှတ်ရေးထိုး ဆန္ဒ ကောက်ယူတာတွေကို မြန်မာပြည်အနှံ့မှာ ဇူလိုင် ၁၉ ရက်နေ့အထိ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013