DVB Logo
Home
မြန်မာသတင်း
ကျောက်လုံးကြီးတပ်မဟာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ် (ဓာတ်ပုံ)
DVB
·
April 3, 2023
ကျောက်လုံးကြီးတပ်မဟာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ် (ဓာတ်ပုံ)
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီနယ်အခြေစိုက် KLG PDF ကျောက်လုံးကြီးတပ်မဟာရဲ့ နွေဦးတော်လှန်ရေးအတွင်း ပါဝင်ခဲ့ပြီး တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားကို ဧပြီ ၃ ရက် ဒီနေ့မနက်ပိုင်းက ကနီနယ်တနေရာမှာ ပြုလုပ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၃ လအကြာမှာ လူအင်အား ၃၅ ယောက်နဲ့ တူမီးတွေ၊ ရရာတုတ်ဓား လက်နက်တွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၂ နှစ်တာကာလအတွင်းမှာ KLG PDF ကျောက်လုံးကြီးအဖွဲ့ကနေ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်​၊ စစ်ဘေးရှောင်၊ မီးဘေးသင့်ပြည်တွေ၊ CDM ဆရာ ဆရာမတွေ၊ CDM ဝင်ထားတဲ့ ဆင်ဦးစီးမိသားစုတွေပါမကျန် ထောက်ပံ့ကူညီပေး‌နိုင်ခဲ့တယ်လို့ KLG ကျောက်လုံးကြီးတပ်မဟာမှ ပြန်ကြားရေးတာဝန်ခံ ကိုATက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ၂ နှစ်တာအတွင်းမှာ ပြည်သူတွေမထိခိုက်အောင် စစ်ကြောင်းလာရင် ပြည်သူတွေ မထိခိုက်အောင် အရင်ဆုံး ကယ်ထုတ်ပြီးမှ စကစကို တိုက်ခိုက်ခဲ့တယ်။ အစပိုင်းမှာ လူမှုရေးပြဿနာတွေကနေ ဒလန်သက်မှတ်ပြီး သတ်ဖြတ်နေတာတွေကိုလည်း တားဆီးနိုင်ခဲ့တယ်။ ကနီနယ်မှာ ကျောက်လုံးကြီးအဖွဲ့အနေနဲ့ တိုက်ခိုက်ရေးတင်မက အုပ်ချုပ်ရေးတွေပါ ပူးတွဲဖော်ဆောင်နေပါတယ်ဗျ။”

တပ်တည်တောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ KLG PDF ကျောက်လုံးကြီးအဖွဲ့မှ နာယကဆရာတော်၊ ဆရာစံ PDF အဖွဲ့မှ ဆရာစံ၊ ဒီပဲယင်း ဂဠုန်တပ်တော်မှ နာယက ဆရာတော်၊ ချင်းတွင်း ဂဠုန်ရာဇာအဖွဲ့ခေါင်းဆောင် ကိုလတ်၊ ဘုတလင် ကိုလင်းယုန်နဲ့ ပြည်သူ ၁၀၀ ကျော် အခမ်းအနားကို တက်ရောက်ခဲ့ပြီး တော်လှန်ရေးကြီးအမြန်ဆုံး အောင်မြင်ဖို့ မိဘပြည်သူတွေ ပူပေါင်းပါဝင်လာအောင် ဟောပြောခဲ့ကြပါတယ်။

ကိုAT က “တပ်တွင်းရဲဘော်တွေကို အဓိကစည်းကမ်းအနေနဲ့ ပြည်သူတွေကို လက်နက်နဲ့ အကြောက်တရား မပေးဖို့ရယ်၊ အရက်သေစာ မသောက်စားဖို့ရယ်၊ သူများသားသမီး တာဝန်မယူနိုင်ဘဲ မစော်ကားဖို့ကို အဓိက တပ်တွင်းမှာ သတ်မှတ်ထားပြီး အခမ်းအနား တက်ရောက်လာတဲ့သူတွေကို ထမင်းဟင်းနဲ့ ကျွေးမွေးဧည့်ခံခဲ့ပါတယ်ဗျ” လို့ ဆက်ပြောပါတယ်။

၂ နှစ်တာကာလအတွင်းမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို အကြောင်းမဲ့ သတ်ဖြတ်မီးရှို့နေတဲ့ စကစ အရာရှိတွေ အပါအဝင် စကစ ၃၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး စကစဒေါက်တိုင်တွေဖြစ်တဲ့ ထောက်ပို့သင်္ဘော ၃ စီးကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာ NUG MOD အသိအမှတ်ပြု တပ်ရင်း ၃ ရင်း၊ ရဲဘော်အင်အား ၁,၀၀၀ ကျော်နဲ့ ဖွဲ့စည်းနိုင်ခဲ့တဲ့အထိ တိုးတက်လာခဲ့ကာ ​ရှေ့ဆက်ပြီး KLG PDF အနေနဲ့ နာယကဆရာတော်က ‌ကျောက်လုံးကြီးအဖွဲ့ရဲ့ ​နာယကဆရာတော်ဖြစ်သလို ကနီမြို့နယ် ပအဖရဲ့ မြို့နယ်နာယက ‌ဆရာတော်လည်း ဖြစ်တဲ့အတွက် တိုက်ခိုက်ရေးသာမက စည်းလုံးရေး၊ ပြည်သူ့အုပ်ချုပ်ရေးတွေပါ ပူးတွဲလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

KLG PDF ကျောက်လုံးကြီးအဖွဲ့မှ ရဲဘော် အယောက် ၂၀ ကျဆုံးသွားခဲ့ရပြီး မိမိတို့အနေနဲ့ ပြည်သူတွေ အကြောက်တရား လျော့ပါးကုန်ဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကာ တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ဖို့ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ-KLG ပြန်ကြားရေးတာဝန်ခံ ကိုAT

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013