DVB Logo
Home
မြန်မာသတင်း
ခရမ်းမြို့နယ်၌ အမျိုးသမီးများ အပါအဝင် လူငယ် ၁၀ ဦးထက်မနည်းကို စစ်တပ်ကဖမ်းဆီး
DVB
·
April 3, 2023
ခရမ်းမြို့နယ်၌ အမျိုးသမီးများ အပါအဝင် လူငယ် ၁၀ ဦးထက်မနည်းကို စစ်တပ်ကဖမ်းဆီး
Donate to DVB

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကံဘဲ့ကျေးရွာမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရအပြီး စစ်ကောင်စီတပ်က အမျိုးသမီးတွေ အပါအဝင် လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထား ပါတယ်။

ကံဘဲ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းအလှူမှာ မတ်လ ၃၀ ရက်က ဗွီဒီယိုမှတ်တမ်း ရိုက်ကူးပေးနေတဲ့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နယ်ခံ လူငယ် ၁၀ ဦးထက် မနည်းကို ဖမ်းဆီးထားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်တပ်က လူငယ်တွေကိုဖမ်းတာ ၁၀ ဦးထက်မနည်းတော့ဘူး။ ကျနော်သိရသလောက်ဆိုရင် အမျိုးသမီး နှစ်ဦးလောက်ပါတယ်။ အများအားဖြင့် အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်တွေ အဖမ်းခံထားရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ လူငယ်တွေဟာ ကံဘဲ့ကျေးရွာနဲ့ ဒေးပေါက်ကျေးရွာက လူငယ်တွေဖြစ်ပြီး ဒေးပေါက်ကျေးရွာ စာသင်ကျောင်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒေးပေါက်ကျေးရွာမှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးနဲ့ လုံခြုံရေး တင်းကျပ်စစ်ဆေးကာ ဖမ်းဆီးနေလို့ ခရမ်းမြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013