DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတက္ကသိုလ် ကြားကာလတက္ကသိုလ် အုပ်ချုပ်ရေးကောင်စီက ဘဏ္ဍာရေးငွေကြေးဆိုင်ရာ သင်တန်းပေးမည်
DVB
·
April 3, 2023
တောင်ကြီးတက္ကသိုလ် ကြားကာလတက္ကသိုလ် အုပ်ချုပ်ရေးကောင်စီက ဘဏ္ဍာရေးငွေကြေးဆိုင်ရာ သင်တန်းပေးမည်
Donate to DVB

တော်လှန်ရေးကာလအတွင်း ပညာရပ်တခုခုကို လေ့လာလိုတဲ့ CDM ကျောင်းသား ကျောင်းသူတွေ အပါအဝင် CDM ဆရာ ဆရာမတွေ၊ ဝန်ထမ်းတွေအတွက် ‌‌တောင်ကြီးတက္ကသိုလ် ကြားကာလ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှ ပညာဒါနအနေနဲ့ ဧပြီ ၂၁ ရက်မှာ Fundamental Of Financial Managementသင်တန်းကို ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ‌တော့ သင်တန်းအပ်လက်ခံတာတွေ လုပ်ဆောင်နေပြီး အများဆုံး သင်တန်းသားဦးရေ ၃၀၀ အထိ လက်ခံသွားဖို့ရှိကာ လျှောက်ထားမယ့်သူတွေအနေနဲ့ တော်လှန်ရေးနဲ့ပတ်သက်ပြီး အခန်းကဏ္ဍတခုမှာ ပါဝင်နေကြတဲ့သူတွေဖြစ်ဖို့ လိုအပ်မယ်လို့ သိရပါတယ်။

တောင်ကြီးတက္ကသိုလ် ကြားကာလတက္ကသိုလ် အုပ်ချုပ်‌ရေးကောင်စီ တာဝန်ရှိသူက “ဒီသင်တန်းကို လျှောက်မယ်ဆို လိုအပ်တဲ့ အချက်အလက်တွေကို ‌ကောင်စီဘက်ကနေ တောင်းခံထားတာမျိုးတွေ ရှိပါတယ်။ တက္ကသိုလ်ကောင်စီကနေ စီစဉ်တာမျိုးဖြစ်တဲ့အတွက် ဦးစားပေးကတော့ CDM ကျောင်းသားတွေ၊ ဆရာတွေ အတွက်ပဲဖြစ်ပါတယ်။ သင်တန်းတက် ရောက်နေစဉ်အချိန်မှာ လုံခြုံရေးကုဒ်ကိုအသုံးပြုသွားမှာဖြစ်သလို အုပ်ချုပ်ရေးကောင်စီကနေ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့လည်းလိုအပ်တယ်” လို့ ပြောပါတယ်။

သင်တန်းပြီးဆုံးပါက အကျိုးကျေးဇူးအနေဖြင့် အသက်‌မွေးဝမ်းကျောင်းအထိပါ အကျိုးပြုထိရောက်မှုရှိစေမယ့် အဖွဲ့စည်းတစ်ခု၊ လုပ်ငန်းတစ်ခု၏ ရည်မှန်းချက်ကို ရရှိနိုင်ရန် ငွေကြေးဘဏ္ဍာရေးကို ထိထိရောက်ရောက် ကိုင် တွယ်လာနိုင်မယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အကြမ်းမဖက်လှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ ပြည်သူတွေအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားခွင့်ရနိုင်ဖို့ NUG ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ကောင်စီအလိုက် လွတ်လပ်စွာ သီးခြားလုပ်ပိုင်ခွင့် ပေးထားတာကြောင့် အုပ်ချုပ်‌ရေးကောင်စီကနေ ကြာကာလပညာသင်ကြားရေးအနေနဲ့ Business Education စီမံကိန်းအနေနဲ့ သင်တန်းတွေကို ဦးစီးပြီး စီစဉ်ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013