DVB Logo
Home
မြန်မာသတင်း
လိုင်စင်သစ်ချမပေးသဖြင့် တရုတ်နယ်စပ် ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးပါး ဖြစ်နေ
DVB
·
April 3, 2023
လိုင်စင်သစ်ချမပေးသဖြင့် တရုတ်နယ်စပ် ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးပါး ဖြစ်နေ
1 / 2
Donate to DVB

ပြည်တွင်းမှာ ဆန်စပါးဈေးနှုန်း မြင့်တက်လာနေတာကြောင့် ပြည်ပဆန်တင်ပို့မှုတွေကို အကန့်အသတ်စနစ် (Quota) နဲ့ တင်ပို့ရမှာဖြစ်ပြီး ဆန်တင်ပို့မှုလိုင်စင် အဟောင်းတွေကိုလည်း စိစစ်နေကာ လိုင်စင်အသစ် ထပ်ချမပေးတာကြောင့် နယ်စပ်ဆန်တင်ပို့မှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေတယ်လို့ မူဆယ် နယ်စပ်ဆန်ကုန်သည်တွေဆီက သိရပါတယ်။

မူဆယ်နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တဦးက “လိုင်စင်အသစ်က ဖေဖော်ဝါရီလကတည်းက မထုတ်ပေး‌တော့တာ။ ဧပြီလကုန်လောက် ပြန်ထုတ်ပေးမယ်တော့ ကြားတယ်။ နယ်စပ်ပို့ကုန်ရငွေ ၆၅၊ ၃၅ အချိုးကျသုံးစွဲပိုင်ခွင့် ကန့်သတ်လိုက်တာရယ်။ နယ်စပ်ဆန်တင်ပို့ဖို့ လိုင်စင်အသစ် မချပေးသေးတာကြောင့် တင်ပို့မှုက ရပ်ဆိုင်းလုနီးဖြစ်နေတယ်” လို့ ပြောပါတယ်။

ပြည်တွင်းမှာ ဆန်ဈေး အဆမတန် မြင့်တက်ချိန်နဲ့ ပို့ကုန်ရငွေ အချိုးကျသုံးစွဲပိုင်ခွင့် ကန့်သတ်လိုက်တဲ့အတွက် ဆန်ကုန်သည်တွေ အကျိုးအမြတ်ရရှိမှုနည်းလို့ အများစုက ဆန်တင်ပို့မှုကို ရပ်နားခဲ့ကြတာတွေ ရှိလာပါတယ်။

နယ်စပ်ကုန်သည်တဦးက  “တလကို ဆန်တန်ချိန် တသိန်းခွဲ (အိတ်ရေ သုံးသန်း) ပဲ ပို့ရမယ်လို့ သတ်မှတ်လိုက်တယ်။ လိုင်စင်အဟောင်းတွေကိုလည်း ပြန်စစ်နေတယ်လေ။ အသစ်လျှောက်ဖို့လည်း မလွယ်ကူတော့ဘူး။ ကုန်သည်တွေက အခြေအနေ စောင့်ကြည့်နေတော့ ဆန်က အဝယ်ခက်နေတယ်။ ဆန်အဝင်နည်းရင် ဈေးကတော့ ဆက်တက်နေမှာပဲ” လို့ ပြောပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို ဆန် (ဆန်ကွဲအပါအဝင်) တင်ပို့မှု တန်ချိန် ၂ ဒသမ ၀၉၉ သန်း ရှိတယ်လို့ မြန်မာ့နိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုမှာ တရုတ်နိုင်ငံထဲကို နယ်စပ်လမ်းကြောင်းကနေ အဓိကထား တင်ပို့‌နေတာဖြစ်ပြီး အာရှ၊ အာဖရိကနဲ့ ဥရောပနိုင်ငံတွေဆီကို‌တော့ ပင်လယ်ရေကြောင်းကနေ တင်ပို့နေတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013