DVB Logo
Home
မြန်မာသတင်း
တလအတွင်း စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထုနေအိမ်အလုံး ၄၄၀၀ ခန့်ဆုံးရှုံး
DVB
·
April 3, 2023
တလအတွင်း စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထုနေအိမ်အလုံး ၄၄၀၀ ခန့်ဆုံးရှုံး
Donate to DVB

ပြီးခဲ့တဲ့ မတ်တလတာအတွင်း စစ်ကောင်စီတပ်က နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးမှု အကြိမ်ရေ ၁၀၀ ကျော်ထိ ကျူးလွန်ခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုရှိ အရပ်သားနေအိမ်အလုံး ၄,၄၀၀ နီးပါး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၅၀ နဲ့ အများဆုံး ကျူးလွန်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၃,၁၀၇ လုံးအထိ ရှိခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရသူ ၂၆ ယောက်၊ ထိခိုက်ပျက်စီးခဲ့တဲ့ ဘာသာရေးအဆောက်အဦ ၁ ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ မန္တလေးတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၁၇ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၂၉၄ လုံးအထိ ရှိခဲ့ကာ မီးရှို့သတ်ဖြတ်ခံရသူ ၇ ယောက်၊ ထိခိုက်ပျက်စီးခဲ့တဲ့ စာသင် ကျောင်း ၂ ကျောင်း ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မကွေးတိုင်းထဲမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၁၁ ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၂၄၆ လုံးအထိ ရှိခဲ့ပြီးတော့ ကရင်ပြည်နယ်ထဲမှာတော့ မီးရှို့ခံရတဲ့အကြိမ်ရေ ၃ ကြိမ်၊ မီး လောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၂၈ လုံးနဲ့ ဘာသာရေးအဆောက်အဦ ၁ ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၇ ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၁၈၃ လုံးထိ ရှိခဲ့ပြီး ချင်းပြည်နယ်ထဲမှာတော့ မီးရှို့ခံရတဲ့အကြိမ်ရေ ၁ ကြိမ်၊ မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ်အလုံး ၂၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းထဲမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှု ၆ ကြိမ် ကျူးလွန်ခဲ့ကြပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၂၃၆ လုံးထိ ရှိခဲ့ပြီးတော့ ရှမ်းပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၃ ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၅၁ လုံးထိ ရှိခဲ့ကာ မီးရှို့သတ်ဖြတ်ခံရသူ ၂ ယောက်၊ ထိခိုက်ပျက်စီးခဲ့တဲ့ ဘာသာရေးအဆောက်အဦ ၁ ခု ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှု ၃ ကြိမ် ကျူးလွန်ခဲ့ကြပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၂၂၅ လုံးထိ ရှိခဲ့ပြီးတော့ ကယားပြည်နယ်မှာတော့ အကြမ်းဖက် စစ် ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၁ ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၂ လုံးထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအချက်အလက်တွေကိုတော့ NUG အစိုးရက လွတ်လပ်တဲ့မီဒီယာတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်ကနေ ပြည်သူလူထုပေးပို့တဲ့ သတင်းအချက်အလက်တွေကို စိစစ်ဖော်ပြတာ ဖြစ်ပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေဟာ ပိုပြီးတော့ များပြားနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013