
စစ်ကိုင်းတိုင် မုံရွာခရိုင် လက်ပံတောင်းတောင် ရွာပေါင်း ၄ ရွာပူးပေါင်းပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်း ဒီနေ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လက်ပံတောင်း တောင် တုံရွာထိပ် ကနေ ညောင်ပင်ကြီးအထိ ၂ နာရီနီးပါး ချီတက် ဆန္ဒထုတ်ဖော်ကြ တာဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲမှာ လက် ပံတောင်း တောင်ကြေး နီစီမံကိန်း ဖျက်သိမ်းရေး၊ ဦးပိုင်နဲ့ဝမ်ပေါင် ကုမ္ပဏီ အလိုမရှိ၊ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို လေးစားမှု မရှိသော လုပ်ငန်းဖော်ဆောင်ရေးကော်မတီ အလိုမရှိ စတဲ့အချက်အပါအ၀င် အချက် ၇ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆည်တည်ရွာ၊ မိုးကြိုးပြင်ရွာ၊ ဇီးတောနဲ့ တုံရွာက ရွာသူရွာသားပေါင်း ၃၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။











