DVB Logo
Home
မြန်မာသတင်း
သမ္မတဖြစ်ရေး ပြည်သူ့ဆန္ဒအပေါ် မူတည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
June 16, 2014
သမ္မတဖြစ်ရေး ပြည်သူ့ဆန္ဒအပေါ် မူတည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

၂၀၁၅ မှာ သမ္မတ ဖြစ်လာဖို့ဆိုတာ မြန်မာပြည်သူတွေရဲ့ ဆန္ဒပေါ် မူတည်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့သက်ဆိုင်တဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့၊ သမ္မတအဖြစ် သူတို့ရွေးချယ်ချင်တဲ့ သူတွေနဲ့ဆိုင်တဲ့ ပြည်သူ့ဆန္ဒပေါ် မူတည်နေတာပါလို့  နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေ တဲ့ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့ ခရီးစဉ် အဆုံးသတ်တဲ့ ဇွန် ၁၆ ရက်န့မှာ ပြောဆိုလိုက်တာပါ။

[caption id="attachment_58627" align="alignleft" width="300"]assk ဓာတ်ပုံ - NLD[/caption]

သူဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ဘယ်အစိတ်အပိုင်းကို မဆို ပြောင်းလဲဖို့ကို ဥပဒေပြုလွှတ်တော် မှ ရွေးကောက်ခံ အမတ် အများစုအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းတွေ ရှာဖွေနေတယ် လို့ ဒေါ်အောင် ဆန်းစုကြည် က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လွှတ်တော် ကော်မတီတရပ်ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်ခွင့်ရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှာကို ကန့်ကွက်မဲ ဆန္ဒပြုခဲ့ကြပါတယ်။

အဲဒီဥပဒေဆိုင်ရာ အပိုဒ်ငယ်ကတော့ သမ္မတ သို့မဟုတ် ဒုသမ္မတ ဖြစ်မယ့်သူရဲ့ ဇနီးနဲ့ ခင်ပွန်း သို့မဟုတ် သားသမီးဟာ နိုင်ငံခြားတိုင်းပြည်တွေကို သစ္စာခံသူ မဟုတ်ရဘူး လို့ တားဆီးထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံ ခရီးစဉ်အတွင်း ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ နီပေါနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ ဗုဒ္ဓ ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်ကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013